141

530 39 0
                                    

အခန်း 141- မွန်မြတ်ချီစွမ်းအင်များ၏ အကျိုးသက်ရောက်မှုများ

ယုထျန်ရှင်း အလွန်ပျော်ရွှင်သွား၏။

မွန်မြတ်ချီစွမ်းအင်များ၏ အကျိုးသက်ရောက်မှုသည် သူမ စိတ်ကူးထက် ကျော်လွန်နေလေသည်။

"အရမ်း အစွမ်းထက်တယ်...! ငါ့ရဲ့ နိယာမတွေကို နားလည်နိုင်စွမ်းက တအားကိုတိုးလာတယ်လို့ ခံစားရတယ်...”

“ဘယ်လိုမျိုး ကျင့်ကြံမှုမျိုးပဲလုပ်လုပ် ငါ့ရဲ့အရှိန်ကတအားကိုတိုးလာတယ်... ကောင်းကင်ဥမင်ကို ပြန်ရောက်ဖို့ မစောင့်နိုင်တော့ဘူး..."

“ငါ အများကြီး ဖြတ်သန်းခဲ့ပြီးပြီ... ငါ့မှာ အရင်းအမြစ်တွေ အများကြီးရှိတယ်...”

ယုထျန်ရှင်း၏ကျင့်ကြံခြင်းအမြန်နှုန်းသည် အလွန်မြန်ဆန်နေလေသည်။

မကြာမီတွင် သူမသည် လူအများစု မထင်မှတ်သော အရှိန်အဟုန်ကို ကျော်လွန်သွားခဲ့တော့သည်။

ဆန်းကြယ်ကောင်းကင်ဥမင်သည်လည်း သူမကို အကန့်အသတ်မရှိ မြှင့်တင်ပေးနိုင်လေသည်။

"ဒီအရာတွေက တစ်ခုနဲ့တစ်ခု အားဖြည့်ပေးနေတာပဲ.... မကြာခင်မှာ အရင်ကထက် ပိုသန်မာလာမယ်လို့ ငါယုံတယ်..."

ယခင်တုန်းက အင်ပါယာဖြစ်ရခြင်းမှာ ယုထျန်ရှင်းအတွက် အလွန်ဂုဏ်ယူစရာကိစ္စဖြစ်သည်။

ယခုတော့ အင်ပါယာအဆင့်သည် တော်ရုံတန်ရုံမျှသာဖြစ်ကြောင်း သူမသဘောပေါက်လိုက်သည်။

သူမသည် ယခင်ဘဝတွင် ကောင်းကင်ကြယ်နတ်ဘုရားမင်းဆက်ကို ထူထောင်ပြီး သူမ၏ မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်နိုင်ချိန်တုန်းကပင် သူမသည် ကောင်းကင်ဘုံလူသားကမ္ဘာ၏ ကောင်းကင်မဏ္ဍိုင်ကြီးကို သူမ၏ စီနီယာကဲ့သို့ လေးလေးစားစားဆက်ဆံရန် လိုအပ်နေသေးသည်။

ကောင်းကင်မဏ္ဍိုင်ကြီးသည် ကောင်းကင်ဘုံလူသားကမ္ဘာ၏ အင်ပါယာများနှင့်ပတ်သက်၍ မည်သည့်အခါကမျှ လေးစားခြင်းမရှိခဲ့ပေ။ သူမ၏ဆရာရီချန်ဂျီသာ ခြွင်းချက်ဖြစ်သည်။

ယခုမူ သူမသည် ရီချန်းဂျီ၏တပည့်ဖြစ်လာပြီးနောက်တွင် ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ သူမနှစ်သက်သလို ကောင်းကင်မဏ္ဍိုင်၏ကျောက်စာကို ကြည့်ရှုနိုင်ခွင့်ရခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now