135

531 42 0
                                    

အခန်း 135- အစီအစဥ် အဆင်သင့်ဖြစ်ပြီ။

ဆန်းကြယ်အစီအရင်ဂိုဏ်း၏ ကြီးမားသော လုပ်ဆောင်ချက်များအောက်တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။

မကြာမီတွင် ဂိုဏ်းအားလုံးသည် ဝူယွင်ဖေး၏ အစီအစဉ်ကို သိရှိသွားကြသည်။

၎င်းမှာ မည်သို့မျှ ဖုံးကွယ်၍ရတော့မည့် အစီအစဉ်တစ်ခုမဟုတ်တော့ပေ။

ကျောက်ဟန်ကိုယ်တိုင်မှာ နတ်ဆိုးကျင့်စဥ်ကျင့်ကြံသူများအကြားမှ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သည်။

ဘေးအန္တရာယ်အမျိုးမျိုးကို လွတ်မြောက်ပြီးနောက် အောင်မြင်စွာ ကျင့်ကြံဖြစ်ထွန်းလာနိုင်ခဲ့သော မဲရိုင်းပင်ကြီးသည် မတိုင်းတာနိုင်သော အလားအလာများရှိသည်။

ထို့အပြင် သူတို့ကဲ့သို့ လူသားမဟုတ်သည့် သားရဲ၊ မိစ္ဆာ၊နတ်ဆိုး သို့မဟုတ် ထူးဆန်းသည့်ဖြစ်တည်မှုများဖြစ်သော ကျင့်ကြံသူမျိုးနွယ်များသည် ပုံမှန်အားဖြင့် ယခုအချိန်တွင် လူမြင်ကွင်းမှ ဖုံးကွယ်နေရသောကြောင့် ၎င်းတို့သည် လူသားမျိုးနွယ်ထက် ပို၍စည်းလုံးညီညွတ်နေခဲ့ကြသည်။

ထို့ကြောင့် ကျောက်ဟန်သည် မျိုးနွယ်စုထံမှ ဆင့်ခေါ်စာကို အလျင်အမြန် လက်ခံရရှိခဲ့သည်။

"ကျောက်ဟန်... မင်းက လူသားတစ်ယောက်နဲ့ အလုပ်လုပ်နေတာကို ငါကြားထားတယ်..."

မိုးကြိုးဖြူကျားနတ်ဆိုးဖြစ်သည့် မိစ္ဆာမျိုးနွယ် ကျွမ်းကျင်ပညာရှင် လဲ့ကွမ်းမှ ကျောက်ဟန်ကို မေးလိုက်သည်။

ထိပ်တန်းပညာရှင်တစ်ဦးအနေဖြင့် လဲ့ကွမ်သည် အသင်္ချေပန်းကမ္ဘာတွင် အလွန်အစွမ်းထက်သော မိစ္ဆာမျိုးနွယ်ဖြစ်တည်မှု တစ်ခုဖြစ်သည်။

“ဟုတ်ပါတယ် အကြီးအကဲ... ဝူယွမ်ဖေး ရဲ့ အစီအစဥ်က အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး တကယ်လို့ အန္တရာယ်ကြုံခဲ့ရရင်တောင် ကျုပ် လွတ်မြောက်နိုင်ဖို့ လုံလောက်တဲ့ ဝှက်ဖဲတွေ ကျုပ်မှာ ရှိနေပါတယ်...”

“လူသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းရဲ့ အန္တရာယ်တွေကို မင်းနားလည်ထားပြီးတဲ့ပုံပဲ... မင်းရဲ့ ဝှက်ဖဲတွေကို ဆက်ပြီးဝှက်ထားပါ... ဒါပေမယ့် အာကာသခရီးလို့ခေါ်တဲ့ ဒီအန္တရာယ်လမ်းက မင်းတကယ်ပဲ စွန့်စားပြီးလျှောက်လှမ်းဖို့ ထိုက်တန်ရဲ့လား...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now