31

889 69 0
                                    

ငါ့တပည့်တွေရူးနေကြပြီ

အခန်း 31- အရှေ့အရပ်မှ လက်ဝါးရိုက်ချက်

ဖန်းယုရူ သည် ထိုကဲ့သို့ အဖြေရရန် မမျှော်လင့်ခဲ့ပေ။ သူ့ အမူအယာမှာ ချက်ချငိး အေးစက်သွားလေသည်။

“ရီချန်းဂျီ ဆိုတဲ့လူက ဘယ်သူဖြစ်ဖြစ်.... ငါတို့မြင့်မြတ်နယ်မြေတွေ ပေါင်းစည်းထားရင်တောင် သူ့နဲ့မယှဉ်နိုင်ဘူးလို့ မင်းကိုဘယ်သူက ယုံကြည်ချက် ပေးလိုက်တာလဲ....”

“မြင့်မြတ်နယ်မြေတွေ ဆိုတာက တစ်ခုချင်းစီရဲ့ အင်အားကတောင် မင်းတို့ဂိုဏ်းစုတ်လေးလောက်မကတာ...  မြင့်မြတ်နယ်မြေလေးခု ပူးပေါင်းထားတဲ့ အင်အားကို မမှုရအောင် ရီချန်းဂျီက ဘာကောင်မို့လို့လဲ... သူကိုယ်သူ အင်ပါယာအဆင့် ထင်နေလား... ဟ ဟ”

ထိုစကားများအားကြားလျှင် လီရှန်းယိမှာ ချုပ်တည်းထားသည့် သူ့ခွန်အား အပြည့်နှင့် ဓားနှလုံးသားကို ထုတ်‌ဖော်လိုက်တော့သည်။

မြန်ဆန်လွန်းသည့်အရှိန်နှင့် ဓားခုတ်ရာတစ်ခု ကောင်းကင်၌ ဖြစ်ပေါ်လာခဲ့၏။ ထိုနေရာတွင် ရှိနေသည့် ဖန်းသားအဖနှစ်‌ယောက်လုံး ကောင်းကင်ယံကို မည်သည့်အချိန်က ဓားချက် ဖြတ်သန်းသွားမှန်း မသိခဲ့လိုက်ကြပေ။ ၎င်းမှာ ကောင်းကင်၌ တစ်ချိန်လုံး ရှိနေသည့်ပုံနှယ် ဖြစ်သည်။

ကျောက်စိမ်းသင်္ကေတမှ ထုတ်‌ဖော်ထားသည့် အလင်းအကာအရံသည် ဓားအလင်းနှင့်တွေ့လျှင် ဖန်သားကဲ့သို့ ကွဲအက်သွားစေပြီး ဖန်းယူရူအား တုန်လှုပ်ခြောက်ခြားသွား‌စေခဲ့လေသည်။

နောက်ဆုံးအခိုက်အတန့်တွင် ကျောက်စိမ်းသင်္ကေတမှ ကျန်ရှိသော စွမ်းအင်အားလုံးကို ဖန်းရှောင်၏ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးခဲ့ကာ, ကာကွယ်ပေးစေရင်း ထွက်ပြေးနိုင်အောင် ပြုလုပ်ပေးခဲ့ကာ သူ့ပုံရိပ်ကတော့  ပျောက်ကွယ်သွားတော့သည်။

အမှန်တကယ်တမ်းတွင် ကျင့်ကြံခြင်းနယ်ပယ်မှာ တစ်ဆင့်ကွာခြားခြင်းက အလွန်ပင် ကွာခြားချက် ကြီးမားသည်။ လီရှန်းယီသည် ဖန်းယုရူ ၏ ဤကဲ့သို့ စွမ်းအင်သဏ္ဍာန်ကိုပင် အနိုင်ယူနိုင်ရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့ရသဖြင့် ထွက်ပြေးသွားသော ဖန်းရှောင်နောက်ကို ဆက်မလိုက်နိုင်တော့ပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now