51

730 56 0
                                    

အခန်း 51 - ဝူယွမ်ဖေး

"အိုး ဟုတ်သားပဲ… လီရှန်းယီကလည်း အဲဒီ ဧည့်အကြီးအကဲတွေကို သတ်မှတ်ပေးဖို့ အသေးစိတ် အစီအစဉ်တွေနဲ့ ကျုပ်တို့ကို စာတစ်စောင်ပို့လိုက်တယ်။"

ဂိုဏ်းချုပ်ဒင်မှ ကျောက်စိမ်းပြားလေးများစွာပါရှိသော သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။

“ဒီကျောက်စိမ်းပြားတွေအကုန်လုံးက သူ ခေါ်ယူထားတဲ့ ဧည့်အကြီးအကဲ‌တွေရဲ့ အမည်‌တွေပါတဲ့ တံဆိပ်ပြားတွေ… အဲဒီ ဧည့်အကြီးအကဲတွေက အရမ်းအားကောင်းတော့ နည်းနည်းပါးပါး ကန့်သတ်ဖို့ လိုတယ်။”

“အထူးသဖြင့် ခေါင်းသုံးလုံးနတ်ဆိုးလို သူမျိုးတွေပေါ့… အဲ့လိုလူတွေကိုက ရီချန်းဂျီကို ကိုယ်တိုင် ပေးခိုင်းလိုက်တာ ပိုကောင်းမယ်။ သူ့ကို တခြားဘယ်သူမှ အမိန့်ပေးလို့ မသင့်တော်ဘူး။"

ဘိုးဘေးလေးပါးတို့သည် ကျောက်စိမ်းပြားများကို ဝမ်းမြောက်စွာပင် လက်ခံခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့လက်အောက်ရှိ ပညာရှင်များကို ကိုင်တွယ်ဆက်ဆံရန် နည်းလမ်းများကို စတင်စဉ်းစားနေခဲ့ကြသည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းသည် ထိုမျှလောက် အားကောင်းသည့် လူအင်အားကို မည်သည့်အခါကမှ မရရှိခဲ့ဖူး‌ပေ။

“ ခန်းမအသစ် ဆောက်လိုက်ရင်ကော ဘယ်လိုလဲ… ဧည့်အကြီးအကဲခန်းမလို့ ခေါ်ကြတာပေါ့။ ဧည့်​အကြီးအကဲ​ တွေ​ကို အဲဒီ့ခန်းမမှာ စာရင်း​သွင်း​​မယ်… အနားယူခိုင်းမယ်။”
“ဘာမှတခြား စီစဉ်စရာ ရှိရင် ငါတို့ မျိုးဆက် ခုနစ်ဆက် အကြီးအကဲ အစည်းအဝေးကျမှ ကျန်တာဆက် ဆွေးနွေးမယ်။ ပြီးရင် အကြောင်းကြားလိုက်မယ်…။”

“အဲဒီလိုလည်း ကောင်းပါတယ်။။။ တစ်စုတစ်စည်းတည်း စီမံခန့်ခွဲနိုင်ရင် ပိုကောင်းမယ်…။ အဲဒါ့အပြင် ရီချန်းဂျီ ရဲ့တပည့်ကို ဧည့်အကြီးအကဲခန်းမရဲ့ ခန်းမသခင်အဖြစ် လုပ်ခိုင်းလိုက်ရင်ရော…”

ဘိုးဘေးများအားလုံးသည် လီရှန်းရီကို အထင်ကြီးနေခဲ့ကြသည်။
"ဒါဆို လီရှန်းရီကို ခန်းမသခင်အဖြစ် လုပ်ခိုင်းလိုက်ပါ…"

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now