105

605 41 0
                                    

အခန်း 105- အရှေ့ပိုင်းဒေသ၏ပြောင်းလဲမှုများ

အချိန်များ ကုန်ဆုံးသွား၏။

မြင့်မြတ်နယ်မြေများမှာ သူတို့၏လှုပ်ရှားမှုများကို ဆက်လက်တိုးမြှင့်နေခဲ့ကြသည်။

ဝမ်ရှန်းတာအိုဂိုဏ်းသည် အခြားအင်ပါယာအဆင့်လက်နက်မရှိသည့် မြင့်မြတ်နယ်မြေများကိုဦးဆောင်ကာ အရှေ့ပိုင်းဒေသသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် သူတို့သည် စွမ်းအင်ကြောများကို တိုက်ရိုက်ထိန်းချုပ်ခဲ့ကြသည်။

အရှေ့ပိုင်းဒေသတွင် ၎င်းတို့သည် လျှို့ဝှက်အစွန်အဖျားဂိုဏ်းနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့လုနီးပါး ဖြစ်နေခဲ့လေသည်။

သာမာန်လူများမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစားကြည့်ရင်း တုန်လှုပ်ချောက်ချားနေခဲ့ကြသော်လည်း လျှို့ဝှက်အစွန်အဖျားဂိုဏ်းက မည်သို့မျှ အရေးယူခြင်းမရှိပေ။

၎င်းမှာ လျှို့ဝှက်အစွန်အဖျားဂိုဏ်းနှင့် မြင့်မြတ်နယ်မြေများ မဟာမိတ်ကို တိုက်ရိုက်တိုက်ခိုက်ရန် မျှော်လင့်ထားသူများစွာကို စိတ်ပျက်စေခဲ့သည်။

သို့သော်လည်း ထိုအခါမှသာ ဝမ်ရှန်းတာအိုဂိုဏ်း၏ လူများမှာ သက်ပြင်းချနိုင်တော့သည်။ အလကားနေရင်း ထိုးကျွေးခံရမည့်အဖြစ်မှ သီသီလေးလွတ်ခဲ့ကြခြင်းြဖစ်သည်။

“အကြီးအကဲဝမ်... လျှို့ဝှက်အစွန်အဖျားဂိုဏ်းက ကျုပ်တို့ရဲ့ လုပ်ရပ်အပေါ် တုံ့ပြန်မှု မရှိပဲ မနေဘူးလို့ ကျုပ် မမျှော်လင့်ထားဘူး... သူတို့က အင်ပါယာအဆင့်လက်နက်တွေ အရှေ့ဘက်ဒေသမှာ ဖြန့်ကျက်တာကို စောင့်ကြည့်နေကြတာဖြစ်မယ်လို့ ထင်တယ်...”

“ဟမ့်... လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာက သူ့ရဲ့ နာမည်ဂုဏ်သတင်းကို ထိန်းထားချင်နေတဲ့ပုံပဲ... တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတော့ သူက ငါတို့ကို ဘယ်လိုတားဆီးနိုင်မလဲ...”

အကြီးအကဲဝမ်မှာ ရီချန်းဂျီအား အထင်အမြင်သေးစွာဖြင့် ပြောဆိုနေခဲ့သည်။

သူ့အား အကြံတောင်းသော ဝမ်ရှင်းတာအိုဂိုဏ်းတပည့်မှာ အကြီးအကဲဝမ်မှာ အင်ပါယာအား အမှန်တကယ် မကြောက်သည်လား သို့မဟုတ် ဟန်ဆောင်နေသလား မသဲကွဲခဲ့ပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now