34

797 64 0
                                    

ငါ့တပည့်တွေရူးနေကြပြီ

အခန်း ၃၄- အသင်္ချေသောဓားများပေါင်းစပ်ခြင်း

ဝှစ်...! ဝှစ်...! ဝှစ်...!

ဓားများစွာ ပျံသန်းလာကာ ရီချန်းဂျီ၏ ရှေ့တွင် ရပ်တန့်သွားသည်။

ဓားများစုဝေး ရောက်ရှိလာလျှင် နန်းတော်မှ တုံ့ပြန်မှုစတင်လာ၏။

နန်းတော်အထက်ရှိ အပေါက်ကြီးသည် လျှင်မြန်စွာ ပိတ်သွားခဲ့ပြီး ပြင်းထန်စွာ လည်ပတ်နေသော ရေဝဲသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

နန်းတော်ကြီးထံမှ ထူးဆန်းသည့် အလင်းတစ်ခု လင်းလက်လာခဲ့ပြီး ဓားရှည်များ အားလုံးမှာ နန်းတော်တံခါးထံသို့ ပျံသန်းသွားကာ တံခါးမှအ‌ပေါက်များထဲသို့ တည့်တည့်မတ်မတ်ပင်ဝင်သွားတော့သည်။

ထို့နောက် ပိတ်ထားသော တံခါးသည် တဖြည်းဖြည်း ပွင့်လာတော့သည်။

ရီချန်းဂျီမှာ အချိန်အတော်ကြာအောင် စောင့်ပြီး အတွင်း၌ ထောင်ချောက်များ မရှိကြောင်း သေချာမှသာ အထဲသို့ ဝင်သွားခဲ့လိုက်သည်။

နန်းတော်ထဲတွင် ကမ္ဘာလောကကြီးအား ငုံ့ကြည့်နေဟန်ရှိသော ဘုရင်တစ်ပါးသည် ရွှေနဂါးပလ္လင်ပေါ်တွင် ထိုင်နေလျှက်ရှိ၏။

ထိုသူထိုင်နေရာ၏ အောက်ဖက်နားတွင် စင်မြင့်တစ်ခုရှိပြီး သီဆိုကခုန်နေကြသူများ၊ ခေါင်းလောင်းသံများနှင့် ငြိမ့်ညောင်းသော တေးသီချင်းများဖြင့် ဖျော်ဖြေနေကြသူများ ရှိနေလေသည်။

ထိုစင်မြင့်ပေါ်တွင် စန္ဒကူးနံ့သာဖယောင်းတိုင်များ ထွန်းညှိထားပြီး မွှေးအီသော မီးခိုးငွေ့များထွက်ကာ ဖျော်ဖြေနေသူများအား ရစ်ဝိုင်းထားလေသည်။

သို့သော်လည်း ခန်းမတွင်းရှိ ၎င်းအင်ပါယာနှင့် ဖျော်ဖြေသူများစွာသည် လှည့်စားမှု ပုံရိပ်တစ်ခုသာဖြစ်ကြောင်း သူ သိရှိခံစားနိုင်ခဲ့သည်။

“ငါ မိုဟောင်မြောင် ကို ဓားအင်ပါယာလို့ ခေါ်ကြတယ်။ အသင်္ချေဓားတို့ရဲ့ ဓားအရိုးနဲ့ မွေးဖွားလာခဲ့ပြီး ငါ့ရဲ့ ခွန်အားက အလျင်အမြန်ပဲ တိုးတက်လာခဲ့တယ်။ နောက်တော့ ကောင်းကင်ဘုံတာအို ရဲ့ အသိအမှတ်ပြုမှုကို ငါရခဲ့ပြီး အင်ပါယာတစ်ပါး ဖြစ်လာခဲ့တယ်။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now