140

583 43 2
                                    

အခန်း 140- မွန်မြတ်ခြင်းချီစွမ်းအင်များ

အဖြစ်အပျက်များမှာ အလွန်တုန်လှုပ်စရာကောင်းလှပေသည်။

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအပေါင်းတို့သည် အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့ကြပြီး အချို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး အချို့က လက်အုပ်ချီကာ ဆုတောင်းနေကြသည်။

အချို့က ဤ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို ကြည့်ရင်း မျက်လုံးများတွင်သွေးရောင်များပင်လွှမ်းကာ ရဲရဲနီလာခဲ့ကြသည်။

အလွန်လျင်မြန်စွာပင် ကြီးမားသောအလင်းတိုင်ကြီးလေးခုသည် အဝါရောင်အလင်းလွှာနှင့် ချိတ်ဆက်သွား၏။

အဝါရောင်အလင်းလွှာပေါ်တွင် လှိုင်းများလည်း ထွက်ပေါ်လို့လာ၏။

လေထုထဲတွင် ကြီးမားသော လူရိပ် တစ်ရာနီးပါး ပေါ်လာသည်။

ထိုလူများသည် ကမ္ဘာ့အကာအရံတည်ဆောက်ခြင်းတွင် ပါဝင်ခဲ့သူများ၏ အရိပ်များဖြစ်သည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းနှင့် ရင်းနှီးသောလူအချို့သည် ထိုအရိပ်များကိုကြည့်ကာ မည်သူမည်ဝါဟုစတင်ခွဲခြားနေကြပြီဖြစ်သည်။

ဟဲရှုရှင်း၏ရွာတွင်။

ဟဲရှုရှင်း၏ ဖခင်နှင့် မိခင်သည် လေထဲတွင်ရှိသော ရွှေရောင်အရိပ်များကို မယုံနိုင်စွာ ကြည့်နေ၏။

“အဖေ... ကြည့်ပါဦး... ဟိုဘက်က ပုဆိန်တစ်လက်ကိုင်ထားတဲ့ အရိပ်က ဟဲရှူရှင်းနဲ့ အတော်လေးတူမနေဘူးလား...”

"ထင်တာပဲ... ဒီကလေးက ရွာမှာ ထင်းခုတ်နေတဲ့အချိန်ကနဲ့ ဘာမှမပြောင်းလဲသေးသလိုပဲ....”

“သူ ဘာတွေလုပ်ခဲ့လဲဆိုတာ ငါ မသိပေမယ့် သူလုပ်ခဲ့သမျှက မြေကြီးတောင် တုန်စေလောက်မယ့် အရာတစ်ခုပဲနေမယ်... ဒါအတော် ကောင်းတဲ့အရာပဲ...!”

“ဆိုလိုတာက သူနဲ့ သူ့ဆရာက ကောင်းကောင်း ကျင့်ကြံနေတယ်ဆိုတဲ့သဘောပေါ့... ဟား ဟား..."

“ဒီည ဝက်သားနဲ့ ထမင်းကောင်းကောင်းစားကြရအောင်...!"

ဟဲရှူရှင်း၏ ဂိုဏ်းသည် အလွန်အားကောင်းနေပြီဖြစ်သည်ကို သူ့ရွာမှလူများက သိထားပြီးဖြစ်လေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now