45

763 64 0
                                    

အခန်း 45 - အင်ပါယာတစ်ပိုင်း ရှစ်ထောင့်ကျောက်စိမ်းဓားသမား သေဆုံးခြင်း

ခေါင်းသုံးလုံးနတ်ဆိုးသည် ရက်စက်ကြမ်းကြုတ်သည့်ပုံပေါက်သော်လည်း ၎င်းမှာ ပထမဆုံ ရှုံးနိမ့်ခြင်းကို ဝန်ခံသူဖြစ်သည်။

“‌လေးစားရပါသော ‌ အင်ပါယာ.... လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ ဧည့်အကြီးအကဲ ဖြစ်လာဖို့ ပထမ ရွေးချယ်မှုကို ကျုပ် လက်ခံပါတယ်။ ဒါပေမယ့် အဲ့ဒါက ကျုပ်ရဲ့လွတ်လပ်ခွင့်ကို အရမ်းချုပ်ချယ်နေတယ်”

ခေါင်းသုံးလုံးနတ်ဆိုးမှ အမြန်ပြန်ဖြေလိုက်သည်။

ရီချန်းဂျီ ခေါင်းကိုသာညိတ်လိုက်သည်။

သူသည် ဂိုဏ်းကို အကူအညီ ပေးနိုင်မည်ဟု မျှော်လင့်ကာ ထိုလူများကို ဂိုဏ်းထဲသို့ ခေါ်ခြင်းသာ ဖြစ်ပြီး မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်ချင်ခဲ့ပေ။

ထို့အပြင် ပြင်ပလောကမှ ကျူးကျော်သူများကို သတ်လိုက်မိသောအခါတွင် ပြောမပြတတ်သော ခံစားချက်မျိုး ရရှိခဲ့သည်။

ဤကမ္ဘာကြီးသည် အတိတ်တုန်းက ကောင်းကင်မဏ္ဍိုင်ကို ချိတ်တံဆိပ်ခတ်ထားရသည့် အကြောင်းရင်းမှာ ဤအဖွဲ့နှင့် တစ်ခုခု ဆက်စပ်နိုင်သည်ဟု သူ ခံစားမိခဲ့သည်။

အနာဂတ်တွင် ထိုကျူးကျော်သူများနှင့် ရင်ဆိုင်ကြချိန်တွင် ခေါင်းသုံးလုံးနတ်ဆိုးကဲ့သို့ အား‌ကောင်းသောတည်ရှိမှုမှာ လိုအပ်လာဦးမည်ဖြစ်သည်။ ၎င်းတို့အား ယခုချိန်တွင် အကြောင်းအရင်းမရှိပဲ သတ်ဖြတ်ခြင်းသည် ကမ္ဘာကြီး၏ ‌ပျမ်းမျှခွန်အားကို အားနည်းယုတ်‌ေလျာ့သွားစေမည်မှာ သေချာပေသည်။

မှန်သည် ထိုလူများက လက်မခံပဲ ခေါင်းမာ‌နေမည်ဆိုလျှင်‌‌တော့ ရီချန်းဂျီလည်း ညှာတာနေမည် မဟုတ်ပေ။

“မင်းတို့ကကော ဘယ်လိုလဲ...”

ရီချန်းဂျီမှ မသိဟန်ဆောင်ကာ မေးလိုက်သည်။

အစောပိုင်းကတည်းက ဧည့်အကြီးအကဲဖြစ်ရန် သဘောတူခဲ့ကြသူများမှလွဲ၍ နောက်ပိုင်းမှ မဖြစ်မနေအချိန်မှ သဘောတူခဲ့ကြသူများမှာ မြေပြင်ပေါ်တွင်သာ ပြန့်ကျဲရှိနေလျှက် ဖြစ်ပြီး ယခုချိန်ထိ မထနိုင်ကြသေးပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now