78

659 52 0
                                    

အခန်း 78- စာအုပ်တောင်တန်းသို့ဝင်ရောက်ခြင်း

အောက်ဖက်ရှိ ကျောင်းသားအားလုံးမှာ လေထဲမှ လီရှန်းယီကိုသာ ဘာမှပြန်မပြောနိုင်ပဲ စိုက်ကြည့်နေကြရလေသည်။

သူတို့ခံစားရသည့် ထိတ်လန့်မှုမှာ စကားလုံးများနှင့်ပင် ဖော်ပြလို့ မရတော့ပေ။

လီရှန်းယီမှာ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့သည်။ ထိုမျှမက ထိုအဆင့် အထွတ်အထိပ်မှ အားကောင်းသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးပင် ရှုံးနိမ့်ခဲ့ရသည်။

ထိုတိုက်ပွဲမှာလည်း ကောင်းကင်တာအိုကျောင်းတော်ရှိ အစီအရင် အများအပြား၏ ကာကွယ်မှုသာ မရှိခဲ့ပါက ကျောင်းတော်အတွင်းရှိ အဆောင်များပြိုကျပြီး အပျက်အစီး များပြားသွားမည် ဖြစ်သည်။

လီရှန်းယီသည် ကောင်းကင်တာအိုကျောင်းတော်၏ အတွင်းရင်ပြင်ဆီသို့ ပျံသန်းသွားပြန်သည်။

ဤတစ်ကြိမ်တွင်တော့ သူ့ကို တားဖို့ မည်သူမှ မလာတော့ပေ။

“အဟွတ်.... အဟွတ်....”

ချောင်းဆိုးသံကို ကြားလိုက်ကြရသည်။

ဝေ့ဝူရှောင် သတိပြန်ရလာပြီး ကြိုးစားကာ မတ်တပ်ထရပ်လာခဲ့ခြင်း ဖြစ်သည်။

ထိုမှသာ လူအုပ်ကြီးမှာ သူ့ကို တွဲထူရန် အမြန်ပြေးသွားကြရတော့သည်။

“ဒီ‌ကောင်လေးမှာ နက်ရှိုင်းတဲ့ ကျွမ်းကျင်မှု၊ ထက်မြက်တဲ့ ဓားချီ ရှိပြီး ဓားနှလုံးသားကို နားလည်ထားတယ်... ငါ မတော်မတရား ရှုံးတာ မဟုတ်ဘူး...”

"အရေးကြီးဆုံးက ငါကသာ မှော်ရတနာမျိုးစုံ သုံးခဲ့ရတယ်... သူက အဆုံးအထိ မှော်ရတနာတွေကို တစ်ခုမှ ထုတ်မသုံးခဲ့ဘူး"

“ဓားသမားတစ်ယောက်က ဓားကိုမသုံးဘဲနဲ့တောင် ဒီလိုခွန်အားမျိုး ထုတ်ဖော်နိုင်တယ်တဲ့.... အဟွတ်... အဟွတ်..."

"သူသာ အားအပြည့်နဲ့ တိုက်ခိုက်မယ်ဆိုရင် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်ရဲ့ ပဉ္စမအဆင့်က လူတွေလောက်အထိ သူ့ဓားချက်တစ်ချက်အောက်မှာ ချက်ချင်းအသက်ခံရနိုင်တယ်..." (နယ်ပယ်အဆင့်တစ်ခုတွင် အဆင့်သေးကိုးဆင့် ရှိကြောင်း ဖော်ပြခဲ့ပြီး။)

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now