83

610 51 0
                                    

အခန်း 83- လူတို့၏သဘော

ရှန်းခိုင်တစ်ယောက် ဇီးချောင်းတောင်ထိပ်မှ ရှန်းအိမ်တော်သို့ပြန်ချိန်တွင် အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှ နေမင်းကြီး ထွက်လာခဲ့ပြီ ဖြစ်သည်။

တောင်အဆင်း အိမ်ပြန်လမ်း‌တလျှောက် သူ အတော်ပင် တုန်လှုပ်နေခဲ့ပြီး မိုးလည်း လင်းနေပြီ ဖြစ်သဖြင့် အမြန်ပင် လမ်းလျှောက်ကာ ပြန်ခဲ့လိုက်သည်။

တောင်ပေါ်တက်သည့် ညအချိန်နှင့်ဆိုလျှင် အချိန်တစ်ဝက်ကျော်လောက် ပိုမိုမြန်ဆန်သွားခဲ့သည်။

သူပြန်ရောက်လျှင် ရှန်အိမ်တော်၏ လေ့ကျင့်ရေးကွင်းပြင်တွင် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်နေသည့် သူ့အစ်ကို ရှန်းယန်နှင့် အကြီးအကဲအချို့အပြင် ဘေးမှ ကြီးကြပ်နေသည့် သူ့အဖေ ရှန်းဒီ ကိုလည်း အဝေးမှလှမ်းတွေ့လိုက်ရသည်။

သူ ရရှိခဲ့သည်များကို ပြောပြရန် လေ့ကျင့်ရေးကွင်းသို့  ပျော်ရွှင်စွာ လျှောက်လာခဲ့လိုက်သည်။

"ရှန်းခိုင်… ဘယ်လိုလဲ… မင်း အလှည့်စားခံခဲ့ရပြီမလား…"

သူ ပြန်လာသည်ကိုမြင်လျှင် သူ့အကို ရှန်းယန်မှ ပြင်းထန်သည့်လေ့ကျင့်ခန်းများကို ခေတ္တ ရပ်လိုက်ပြီး အပြုံးနဲ့ မေးလိုက်သည်။

တစ်ဖက်တွင် ရှန်းဒီသည် သူတို့ဘေးမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရှန်းခိုင် သူ၏ နံနက်ခင်း ခန္ဓာကိုယ်လေ့ကျင့်ခန်းများ ပြုလုပ်ချိန်ကို နောက်ကျ ဖြုန်းတီးနေခြင်းကို မကျေနပ်ပုံရသည်။

ရှန်းခိုင်၏ စရိုက်အရ အရင်ကလိုဆိုလျှင် သူ့အစ်ကိုကြီး၏ စွပ်စွဲချက်များကို အပြင်းအထန် ငြင်းဆိုပေလိမ့်မည်။

သို့သော် ယခုတော့ သူထွေထွေထူးထူး တုံ့ပြန်ပြောမနေခဲ့ပေ။ သူပြောသည်ကိုလည်း နှလုံးမသွင်းတော့ပေ။ ခပ်အေးအေးသာ ပြုံးပြပြီသူအစ်က်ကိုကြီး၏ မေးခွန်းကို ပြန်ဖြေမနေတော့ပဲ ယမန်‌နေ့ညက သူ့စိတ်ထဲတွင် စွဲနေသည့် စီနီယာ၏ စကားအချို့ကိုသာ ပြန်ပြောခဲ့လိုက်သည်။

“အရင်တုန်းက အဖေက ကျုပ်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် တုံ့ပြန်ဖို့ ပြောတုန်းက ကျုပ် လုံးဝမလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အခုတော့  သူ့အလိုလို ဖြစ်သွားပြီ…။"

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now