113

571 47 1
                                    

အခန်း 113- ဝိညာဉ်စွမ်းအင်မလုံလောက်ဘူးတဲ့လား

မြင့်မြတ်နယ်မြေများအားလုံး ထိတ်လန့်တကြားဖြစ်နေခဲ့ရသည်။

ရီချန်းဂျီ၏ အောင်မြင်နိုင်ခြေကို လူများစွာက ပြန်လည်သုံးသပ်လာကြသည်။

မရေမတွက်နိုင်သော နေရာများတွင် ပြင်းထန်သော ဆွေးနွေးမှုများ အငြင်းအခုံများ ဖြစ်နေခဲ့ကြသည်။

“ကဲ… လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာမှာ လုံလောက်တဲ့ အရည်အသွေးရှိတဲ့ ပစ္စည်းတွေ မရှိဘူးလို့ လူတွေ မပြောခဲ့ကြဘူးလား... အခု သူ ဘာတွေ ထုတ်သုံးနေတာလဲ..."

"အင်း... ဖြစ်နိုင်တာက အဲဒီ မြင့်မြတ်နယ်မြေတွေက သူ့ဆီကို ပေးခဲ့တာ ဖြစ်နိုင်မလား..."

"မင်း ဘာအဓိပ္ပာယ်မရှိတာတွေလျှောက်ပြောနေတာလဲ... မြင့်မြတ်နယ်မြေတွေက အင်ပါယာကို ပစ္စည်းတချို့ပေးတယ်ဆိုပေမယ့် သူတို့က အင်ပါယာကို ပြိုင်ဘက်လို သဘောထားနေတာ... သူ့အတွက် လုံလောက်တဲ့ အဓိက ပစ္စည်းတွေ ဘာကိစ္စနဲ့ပေးရမလဲ...”

"ဒါဆို မင်းပဲပြောကြည့်... ဒီပစ္စည်းတွေက ဘယ်ကရောက်လာတာလဲ..."

“ဒါတော့ ငါတို့လည်း သေချာ ဘယ်သိနိုင်မလဲ... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက အင်ပါယာရဲ့ ကြိုးပမ်းအားထုတ်မှုတွေပဲ... အင်ပါယာက အရမ်းအားကောင်းတာပဲ....!”

မရေမတွက်နိုင်သော သာမာန်လူသားများသည် ရေဖန်သားပြင်ကို ခေါင်းမော့ကာ ကြည့်ရင်း ငြင်းခုံနေကြသည်။

ကျင့်ကြံသူများမှာ ငြင်းပင်မငြင်းခုံနိုင်ကြတော့ပဲ ဖန်သားပြင်မှ ပုံရိပ်ကိုသာ ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေကြလေတော့သည်။

၎င်းတို့ပေးခဲ့၇သော မလုံလောက်သည့် ပစ္စည်းမှန်သမျှသည် အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာပြီး အင်ပါယာမှအသူံးပြုနေလေသည်။

လျန်ယွမ်ဖန်းလည်း ရေမျက်နှာပြင်ရှိ ပုံရိပ်ကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။

သာမာန်လူသားများ၊ သာမာန်ကျင့်ကြံသူများနှင့်မတူဘဲ ထိုရတနာပစ္စည်း အများအပြားသည် မြင့်မြတ်နယ်မြေများမှ အမှန်တကယ် ရရှိလာခြင်း ဖြစ်ကြောင်း သူ အတိအကျ သတ်မှတ်နိုင်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now