7

1.2K 85 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၇ - ရတနာတစ်ခု ထွက်ပေါ်လာခြင်း

အချိန်များကုန်လွန်ခဲ့ပြီး နောက်ထပ်တစ်လမှာ ကုန်ဆုံးခဲ့ပြန်၏။

မီးသစ်တောတောင်ထိပ်တွင်မူ အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ဖြတ်သန်းလျှက် ငြိမ်သက်စွာသာ ရှိနေ၏။ ရီချန်းဂျီမှာလည်း စနစ်သို့ ပုံမှန်အတိုင်း ဝင်ရောက်ကာ ခွန်အား တိုးမြှင့်ရန်သာ နေ့စဥ်လုပ်ဆောင်လျှက်ရှိ၏။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှ ကီလိုမီတာများစွာအကွာ မြေအောက်ဂူတစ်ခုတွင် လူငါးယောက် အလယ်တွင် လေထဲမျောလွန်နေသော ထူးဆန်းသော ကြေးနီ ဒယ်စောက်အိုးတစ်ခုအား ဝန်းရံလျှက်ရှိနေသည်။

“ဒီလို အမှောင်ဝိဉာဉ်ဒယ်စောက်လို ထူးဆန်းတဲ့ ပစ္စည်းထွက်ပေါ်လာခဲ့ရင် အပြင်လောကက ဂိုဏ်းကြီးတွေ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး...”

“သူတို့ အာရုံစိုက်မှုကို ရလာတာနဲ့ ဒီဟာကို လျှို့ဝှက်အစွန်အဖျားဂိုဏ်းဆီကို ထိန်းချုပ်ပြီး ပျံသန်းသွားခိုင်းလိုက်မယ်... သူတို့ လောဘကြီးတာ မကြီးတာက ငါတို့ ဂရုစိုက်စရာမလိုဘူး... ရတနာအတွက် တိုက်ခိုက်ကျတဲ့ အချိန်ကျရင် လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ တကယ့် အစစ်အမှန်ခွန်အားက ထွက်ပေါ်လာလိမ့်မယ်...”

“ဒီလောက်တော့ ငါတို့ ရင်းနှီးရမှာပေါ့... ဒါပေမယ့် ဒီလို ရတနာကို လျှို့ဝှက်အစွန်အဖျားဂိုဏ်းက ယူဆောင်သွားနိုင်ခဲ့ရင် နည်းနည်းတော့ နှမြောဖို့ ကောင်းတယ်... ”

“အာရုံလွှဲတဲ့ အစီအစဥ်တစ်ခုပဲ... ဒီရတနာလောက်ကမှပဲ သူတို့အာရုံကို ဖမ်းစားနိုင်လိမ့်မယ်... ပြီးတော့ နောက်ထပ် မြေအောက်ကနေ ထပ်သွားမယ့် သူတွေလည်း ရှိသေးတယ်...”

“လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို သိနိုင်ခဲ့ရင် ငါတို့ ဆက်လှုပ်ရှားလို့ ရပြီ... အခုကတော့ ရင်းရမှာပဲ သူတို့ကို နိုင်ရင် ရင်းထားတာတွေရဲ့အဆပေါင်းများစွာ ပြန်ရနိုင်တာပဲ...”

အစီအစဥ်အား အသေးစိတ်သတ်မှတ်လိုက်ပြီးနောက် သူတို့စွမ်းအားများကို စတင်ထုတ်ဖော်လိုက်ကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now