69

646 55 0
                                    

အခန်း69- အင်မော်တယ် မိစ္ဆာဝိညာဉ် ကျင့်စဉ်

လူအုပ်ကြီးမှာ ဒေါသများထွက်နေကာ မျက်နှာများတွင် ဒေါသခိုးတို့နှင့် ပြည့်နေ၏။

သို့သော် ကံမကောင်းစွာပင် သူတို့မျှော်လင့်ထားသည့် အဖြေကို မရရှိခဲ့ပေ။

"အင်ပါယာမရှိပဲ ဘယ်လိုဖြစ်ချင်တာလဲ... ကောင်းကင်ကြယ်နတ်ဘုရားမင်းဆက်က မြင့်မြတ်နယ်မြေ ဟုတ်လား... ကောင်းကင်ကြယ်မြို့တော်ကရော ဘယ်လိုဘယ်ပုံ မြင့်မြတ်နယ်မြေဖြစ်သွားတာလဲ...”

တခဏချင်းမှာပဲ ဟောခန်းမထဲတွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

"အင်ပါယာအရှင်မ.... ဒါက အရှင်မရဲ့ ပိုင်ဆိုင်မှုလေ... အရှင်မရဲ့အမွေအနှစ်ပဲလေ...!"

ကုန်းထျန်းရီမှာ အော်ဟစ်လုနီးပါးပင် ဖြစ်သွားသည်။

“အတူတူပါပဲ... မင်းတို့မှာ အင်ပါယာ ဒါမှမဟုတ် မြင့်မြတ်နယ်မြေဆိုတဲ့ဘွဲ့မရှိတော့ရော ဘာထူးခြားလို့လဲ...။”

“ကောင်းကင်ကြယ်နတ်ဘုရားမင်းဆက်ဟာ သူရဲ့နာမည်ကြောင့် တန်ခိုးကြီးတာလား။ ဒါမှမဟုတ် ငါနဲ့  တခြားအားကောင်းသူတွေ အများကြီးရှိလို့ ,လို့ မင်းထင်လား။"

“အခု လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှာ အင်ပါယာတစ်ပါးရှိလို့ သူတို့ကိုယ်သူတို့ မြင့်မြတ်နယ်မြေလို့ ခေါ်ကြသလား... မင်းတို့မှာ အင်ပါယာတစ်ပါးတောင်မရှိသေးဘူး... ဆိုတော့ မင်းတို့ အဲဒီဘွဲ့ကို ဖယ်ရှားထားလိုက်ရတာ ဘာဖြစ်လို့လဲ"

"မင်းတို့ အဲ့လိုဖြစ်တာ တကယ်မကြိုက်ရင် ဘာလို့ အင်ပါယာတစ်ပါး မွေးထုတ်နိုင်အောင် မကြိုးစားကြတာလဲ..."

ယုထျန်ရှင်း၏ စကားများ အစီအရီ ထွက်ပေါ်လာသည်။

လူတိုင်းသည် ခဏတာ စကားပင် မပြောနိုင်ပဲ ဆွံ့အနေကြကုန်တော့သည်။

သူမ ပြန်လည်မွေးဖွားလာပြီးနောက်တွင် သူမ၏စရိုက်သည် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားသည့်ပုံ ဖြစ်သည်။

အကယ်၍ သူမသာ ယခင်ဘဝက အထွတ်အထိပ် အဆင့်တွင်ဆိုလျှင် ထိုအရာများကို အသေးစိတ် ရှင်းပြခိုင်းနေမည် မဟုတ်ပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now