125

576 49 0
                                    

အခန်း 125- အင်ပါယာ၏ပုံရိပ်မှပေးသည့်ညဏ်အလင်းများ

ဖျစ်...!

စွမ်းအင်လှိုင်းများနှင့်အတူ ကောင်းကင်ဘုံလူသားကမ္ဘာ၏ ဒေသငယ် တစ်ရာ့ရှစ်ခုရှိ ရေဖန်သားပြင်ကြီးများတွင် ဖြတ်တောက်ထားသည့် ပုံရိပ်တစ်ခု စတင်ပြသလာသည်။

ပုံရိပ်ထဲတွင် လျှို့ဝှက်အစွန်အဖျားဂိုဏ်း အင်ပါယာသည် ရွှေရောင်ဖျော့ဖျော့အလင်းရောင်ဖြင့် လင်းလက်နေလေသည်။ အစီအရင်အုတ်မြစ်အား သန့်စင်နေချိန်တွင် သူ့မျက်နှာကို မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။

မရေမတွက်နိုင်သော ဝင်္ကပါတာအိုကျင့်ကြံသူများသည် အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။

သူတို့ နားမလည်နိုင်လျှင်ပင် စောင့်ကြည့်ရမည်သာဖြစ်သည်။

လူတိုင်းနီးပါး ကောင်းကင်မှ ဖန်သားပြင်များကိုသာ မော့ကြည့်နေခဲ့ကြသည်။

ရီချန်းဂျီ လက်ရှိပြုပြင်နေသောဝင်္ကပါသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များနှင့် ကောင်းကင်တာအိုနိယာမများကို အသုံးပြုထားခဲ့သည်။

ရီချန်းဂျီ၏ လုပ်ဆောင်ချက်တိုင်းသည် ကောင်းကင်တာအိုနှင့် လုံးဝလိုက်လျောညီထွေ ဖြစ်နေပေသည်။ သူဖန်တီးနေသည်များကို နားမလည်နိုင်လျှင်ပင် ကြည့်ရသည်မှာ အလွန်ကောင်းမွန်လှသည်။

မြို့ရွာအနှံ့မှကလေးများသည် ပြေးလွှားဆော့ကစားနေလျှက်ရှိသည်။ ပေတလူးကျံအောင် ဆော့နေသည့် ကလေးများလည်း ဖန်သားပြင်မှ ပုံရိပ်ကို ဘုမသိဘမသိဖြင့် မော့ကြည့်နေတတ်ကြသည်။

ပါရမီ ကောင်းမွန်သော ကလေးအချို့သည် ၎င်းပုံရိပ်မှ အမှန်တရားများစွာကို နားလည်နိုင်ခဲ့ကြလေသည်။

ယင်းသည် ကောင်းကင်ဘုံလူသားကမ္ဘာကြီးတစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို မြင့်တက်လာစေခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းနှစ်များစွာတွင် ကျင့်ကြံရန်သင့်တော်သော ကလေးများ ပိုမိုမွေးဖွားလာလေတော့သည်။

ကလေးများအတွက်ပင် ထိုမျှ ဖြစ်ထွန်းနေပါက ကျင့်ကြံခြင်းတွင် အဆင့်တစ်ခုရောက်နေသော ပါရမီရှင်များအတွက် ပို၍ပင် အကျိုးရှိစေခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now