22

931 79 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၂၂ - အရှေ့ပိုင်းဒေသ၏တတိယအဆင့်ရှိ လျှို့ဝှက်အစွန်အဖျားဂိုဏ်း

အချိန်များကုန်လွန်သွားခဲ့သည်။ ရီချန်းဂျီလည်း ကောင်းကင်ဥမင်ထဲတွင်သာ ကျင့်ကြံနေခဲ့သည်။

သူအသက်ရှုလိုက်တိုင်း သူ့ခန္ဓာကိုယ်မှ နက်ရွှေရောင် အလင်းတန်းတစ်ခုကို လင်းလက်တောက်ပစွာ ထုတ်လွှတ်နေလျှက်ရှိသည်။

ညစ်ညမ်းသောလေများအား ပါးစပ်ထဲမှရှူထုတ်လိုက်ပြီးနောက် ရီချန်းဂျီသည် သူ၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

ဖျက်ဆီးမရနိုင်သောရွှေခန္ဓာကိုယ် နည်းစနစ်သည် အဆင့်များ ထပ်မံ တိုးတက် သွားပြန်သည်။

ယခုအချိန်တွင် သူတော်စင်တစ်ပိုင်းအဆင့်တိုက်ခိုက်မှုတစ်ခုမှာ ရီချန်းဂျီအား ထိခိုက်အောင် အန္တရာယ်ပြုနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ထိုအဆင့်ထိအောင်မြင်မှုရရှိရန်ပင် နှစ်ပေါင်းများစွာ စနစ်သို့ ဝင်ရောက်ခြင်းနှင့် မစ်ရှင်များ ပြီးမြောက်ခြင်းမှ ရရှိသောပစ္စည်းများကို လုယူခြင်းခံရသကဲ့သို့ မတော်မတရား သုံးစွဲခဲ့ရသည်။

ထိုကျင့်ကြံရေးပစ္စည်းများကို မည်သည့်နေရာတွင်ရနိုင်မည်လဲဟု စဉ်းစားရင်း ရီချန်းဂျီမှာ စိတ်ဓာတ်ပင် ကျလာတော့သည်။

“ငါ့ရဲ့ လက်ရှိအင်အားနဲ့ လက်ရှိအရှိန်နဲ့ အချိန်နည်းနည်းထပ်ရပြီး အခြေခံအုတ်မြစ်ကို ခိုင်ခံ့အောင် ပိုလုပ်နိုင်သရွေ့ ခြေတစ်လှမ်းပိုနီးလာပြီလို့ ပြောနိုင်တယ်...။”

နောက်ဆုံး နယ်ပယ်အား ချိုးဖောက် ဖြတ်ကျော်ခြင်း...။

ထိုနယ်ပယ်အား ဖြတ်ကျော်ပြီး သူ့ကံကြမ္မာကို သူကိုယ်တိုင် ရှာဖွေရပေမည်။

ထိုနယ်ပယ်အထိ သူရောက်ရှိနိုင်လျှင် ဖျက်ဆီးမရသော ရွှေခန္ဓာကိုယ်နည်းစနစ်နှင့် ကောင်းကင်ဥမင်၏ ကျင့်ကြံခြင်းနယ်မြေတို့ကဲ့သို့ ယခင်က သိမ်းဆည်းထားခဲ့သည့် အရင်းအမြစ်များ, နည်းစနစ်များစွာအား အပူအပင်မရှိ အသုံးပြုနိုင်မည်ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now