39

773 65 0
                                    

ငါ့တပည့်တွေရူးနေကြပြီ

အခန်း,39- တယောက်ပြီးတယောက် ကျရှုံးခြင်း

မီးသစ်တော‌တောင်ထိပ်တွင်ဖြစ်သည်။

ရီချန်းဂျီလည်း ပြင်ဆင်မှုများ လုပ်ဆောင်နေခဲ့သည်။

အင်ပါယာဖြစ်ရန် ကြိုးစားလိုသော အခြားသုံးဦးနှင့်မတူဘဲ သူသည် အလျင်လိုခြင်း မရှိပေ။

သူ့အတွက်မူ သူတတ်နိုင်သမျှ အပြည့်အဝ ပြင်ဆင်ထားပြီ ဖြစ်ပြီး သူ၏ ကြံ့ခိုင်မှုမှာ အလွန် ကောင်းမွန့်ပေသည်။ ကောင်းကင်တာအို ကို နားလည်မှုတွင်လည်း မဆိုးဝါးလှပေ။

ကျင့်ကြံနည်းစနစ် အဆင့်အတန်းမှာလည်း အလွန်မြင့်မားသည်။ ရီချန်းဂျီ တွေးထားသလိုပင် အင်ပါယာအဆင့်သည် ဖြတ်သန်းသွားရုံသာ သွားရမည့် ကျင့်ကြံဆင့်တစ်ခု ဖြစ်ပြီး အစစ်အမှန်သူတော်စင်အဆင့်သည်သာ အဆုံးသတ် ဖြစ်ပေသည်။

"ရှန်းယီ၊ ထျန်ရှင်း…. မင်းတို့နှစ်ယောက် ဒီမှာ ကောင်းကောင်း ကျင့်ကြံနေသင့်တယ်။ ငါမရှိတဲ့အခါ မင်းတို့ရဲ့ ဝှက်ဖဲတွေကို ‌ဖျောက်ပြီး နှိမ့်ချတဲ့ ပုံစံ ကောင်း‌ကောင်း နေထိုင်ဖို့ သတိရရမယ်။"

“တကယ်လို့ တစ်ခုခု ပြတ်သားစရာရှိရင် ပြတ်ပြတ်သားသား ရှင်းပစ်ပြီး ပြဿနာရဲ့ အရင်းမြစ်ကို ကျူပင်ခုတ် ကျူငုတ်မကျန်ရှင်းရမယ်…”

"အထူးသဖြင့် ရှန်းရီ…. မင်းရဲ့ အရင်ကလို လုပ်ရပ်တချို့က ငါ့အမြင်အရ သိပ်ရင့်ကျက်ပုံမပေါ်ဘူး။ မင်းရဲ့ ဂျူနီယာညီမက အင်ပါယာ အဆငိ့ကနေ လူပြန်ဝင်စားလာခဲ့တာဖြစ်လို့ သူမက ပိုပြီးရင့်ကျက်လိမ့်မယ်။ မင်း သူ့ အကြံညဏ်တွေကို နည်းယူသင့်တယ်။"

လီရှန်းရီ၏ အမူအရာမှာ အဆင်မပြေလှသော်လည်း ခေါင်းသာ ညိတ်ပြပြီး -
“စိတ်မပူပါနဲ့ ဆရာ…။ ဆရာ့စကားတွေကို မှတ်ထားပါမယ်…!"

ရီချန်းဂျီမှ ဆက်လက်၍ -
"ငါ လျှို့ဝှက် ကောင်းကင်ဥမင်ကို ဖွင့်ပြီး လျှို့ဝှက်အစွန်အဖျားဂိုဏ်းနှင့် ပတ်ဝန်းကျင် နယ်မြေကို ဖုံးအုပ်ထားတယ်…။ မင်းတို့တွေ လုံးဝ ဘေးကင်းလိမ့်မယ်။ ကောင်းကောင်း ကျင့်ကြံ‌ နေခဲ့ကြ…။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now