54

745 54 0
                                    

အခန်း 54- တစ္ဆေကိုးကောင်၏ သတ်ဖြတ်ခံရမှုများ

တစ္ဆေသခင် သည် ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ပေ။

အသူရာတစ္ဆေဒေသသည် မြေအောက်ဂြိုလ်သားမျိုးနွယ်မှ ဆင်းသက်လာသဖြင့် သူတို့ဖန်တီးထားသည့် အစီအရင်ကို ဖြန့်ကျက်ပြီး အရှေ့ပိုင်းဒေသတစ်ခုလုံးကို လွှမ်းခြုံထားသည့် ဝင်္ကပါကို ဖွင့်လှစ်ချင်နေပေသည်။

အစီအရင်ကို ဖွင့်လိုက်နိုင်သည်နှင့် နှစ်ထောင်သောင်းမက မြေအောက်သို့ ရောက်ရှိနေသည့် အင်အားကြီး အကြွင်းအကျန် မျိုးနွယ်စု စစ်တပ်ကြီးသည် မြေပြင်ပေါ်သို့ အမြန်ပင် ရောက်ရှိလာနိုင်ကြမည် ဖြစ်သည်။

ချီလင်တောင်တွင် တည်ရှိသည့် သူတို့၏အဓိကအခြေခံအုတ်မြစ်သုံးခု၊ တစ္ဆေဒေသနှင့် လွင့်မျောနှင်းဂိုဏ်းတို့မှာ ၎င်းတို့၏ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်သည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းကို သိမ်းပိုက်လိုက်နိုင်လျှင် အရှေ့ပိုင်းဒေသ တစ်ခုလုံးသည် ၎င်းတို့၏ နယ်မြေ ဖြစ်လာပေတော့မည်။

သိုသော် ရုတ်တရက်ကြီး လျှို့ဝှက်အစွန်အဖျားဂိုဏ်းတွင် အင်ပါယာတစ်ပါး ပေါ်ထွက်လာမည်ဟု သူတို့ ခန့်မှန်းမထားခဲ့။

အသူရာတစ္ဆေဒေသသည် လျှို့ဝှက်အစွန်အဖျားဂိုဏ်းအား ရန်သူတော်ဟောင်းကြီးအဖြစ် သတ်မှတ်ကာ ၎င်း၏ အင်အားကို လွန်ကဲစွာ ခန့်မှန်းထားပြီး ဖြစ်သည်။

သို့သော် ထိုသို့သောအဖြစ်စ်မျိုးကတော့ သူတို့ စိတ်တောင်မကူးခဲ့ဖူးပေ။

ထို့ကြောင့် ယခုအချိန်တွင် အသူရာတစ္ဆေဒေသ တစ်ခုလုံးသည် စိတ်ဓာတ်များ အလွန်နိမ့်ကျ နေလျက်သာ ရှိနေတော့သည်။ ထို့အပြင် လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ အတိအလင်း ရန်သူတော်ဖြစ်နေသဖြငိ့ ၎င်းတို့အတွက် ပို၍ပင် ကြောက်လန့်လို့ နေကြရလေ၏။

စကြာဝဠာတစ္ဆေကိုးကောင်သည် တစ္ဆေဒေသ၏ ထိပ်တန်းသက်ရှိများအဖြစ် ဖန်တီးထားခဲ့သော နည်းဗျူဟာဖြစ်သည်။

စကြာဝဠာတစ္ဆေကိုးကောင်သည် မကောင်းဆိုးဝါးစွမ်းအင်၊ သွေးချီနှင့် သတ်ဖြတ်ခြင်းအော်ရာတို့ကို ၎င်းတို့၏ကိုယ်ခန္ဓာများ ပိုမိုအားကောင်းလာစေရန်အတွက် လူသားများထံမှ စုပ်ယူခဲ့ကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now