174

505 35 0
                                    

အခန်း 174- သွေးမီးလျှံဂိုဏ်းအကြောင်းများ

အဘွားချင်၏ စကားအဆုံးတွင် ခန်းမအတွင်းရှိလူများသည် သွေးမီးလျှံဂိုဏ်းနှင့် ၎င်း၏နောက်ကွယ်ရှိ အင်အားစုများအ‌ကြောင်းကို နားလည်မှုအချို့ရရှိလာခဲ့ကြသည်။

ကမ္ဘာငယ်လေးများမှလာသူများနှင့် မဟာကမ္ဘာကြီးများမှ လာသူများပင် အဘွားချန်းလောက် မသိခဲ့ကြပေ။

ထိုလျှို့ဝှက်ဆန်းကြယ်အင်အားစုတွင် “ကျိန်စာတိုက်မျှော်စင်” ဟုလူသိများသော ကျိန်စာတိုက်ပညာရှင်အဖွဲ့တခုရှိပြီး သူတို့၏ နတ်ဘုရားအဆင့် စွမ်းရည်များသည် ထူးဆန်းလှသည်။

ထိုလူများသည် ကမ္ဘာများစွာမှ အမွေအနှစ်များ ရရှိထားပုံရပြီး ၎င်းတို့ထံတွင် အမှောင်မှော်အတတ်၊ ကျိန်စာများနှင့် ပတ်သက်သည့် စွမ်းရည်အမျိုးမျိုးပိုင်ဆိုင်ထား၏။

၎င်းတို့သည် ရန်သူများကို ဝေးကွာလွန်သောအရပ်မှပင် ပစ်မှတ်ထားတိုက်ခိုက်နိုင်လေသည်။

အဘွားချင်၏ အချက်အလက်များအရ တစ်ချိန်က ကမ္ဘာတစ်ခုမှ ထွက်ခွာလာသူ အင်ပါယာတစ်ဦးမှာ ကျိန်စာတိုက်မျှော်စင်မှ လူများမှ သေသည့်အထိ ကျိန်စာတိုက်ကာ တိုက်ခိုက်ခြင်းခံခဲ့ရဖူး၏။

ကျိန်စာတိုက်မျှော်စင်၏ လူများ၏ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသော အင်ပါယာတစ်ပါးလည်း ရှိသည်။ နောက်ဆုံးတွင် သူ့ကံကြမ္မာမှာ လုံးဝ မှေးမှိန်ပျောက်ကွယ်ပြီး သေဆုံးသွားခဲ့ဖူးသည်။

ရီချန်းဂျီသည် ဓားအင်ပါယာကို တွေးမိလိုက်သည်။

လူတိုင်း အင်ပါယာဖြစ်လာချိန်တွင် ကောင်းကင်တာအိုထံတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ရသည်။

ကောင်းကင်တာအိုမှ အသိအမှတ်ပြုထားသော တည်ရှိမှုတစ်ခုသည် ပုံမှန်အားဖြင့် ကမ္မကံကောင်းခြင်းများစွာ ရရှိမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့ ကံကောင်းခြင်းများစွာဖြင့် တည်ရှိနေသည့် သူတစ်ဦးဖြစ်သည့်တိုင် ကျိန်စာတိုက်မျှော်စင်မှ သေသည်အထိ ကျိန်စာတိုက်စွမ်းအားများဖြင့် တိုက်ခိုင်နိုင်ဆဲဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now