66

634 35 0
                                    

အခန်း 66: အင်ပါယာ၏ဒေါသ

ဆေးဝါးမျှော်စင်။

"ဘာဖြစ်တာလဲ…"

“ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ရုတ်တရက် ရုတ်တရက် ဘယ်က ထွက်လာတာလဲ။ အဂ္ဂိရတ်ပညာရှင် တစ်‌‌ယောက်‌ယောက်များ ဆေးဖော်စပ်ရင်း တစ်ခုခု မှားသွားသလား"

“လောလောဆယ်တော့ ဘယ်နေရာကအသံလဲဆိုတာ စုံစမ်းနေတယ်။ ဒါ သာမန်အဂ္ဂိရတ်သမားတွေ မဝင်နိုင်တဲ့ လျှို့ဝှက်အခန်းဘက်ကပဲ… အဆင့်မြင့်အဂ္ဂိရတ်ပညာရှင် တစ်ယောက်ယောက်ဖြစ်ရမယ်။"

"ဟုတ်တယ်။ ဒီလို ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် လူအများအပြားတောင် ထိခိုက်သေဆုံးနိုင်တယ်… သာမာန်ဆေးပြားတွေက ဒီလောက်များတဲ့ ဝိညာဉ်စွမ်းအင်ကို ဘယ်လိုထုတ်ပေးနိုင်မလဲ…”

အခြေအနေကို စောင့်ကြည့်နေသူများမှ ဆွေးနွေးနေလေသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လျှို့ဝှက်ခန်းအနီးတွင် အဆောက်အအုံအများအပြား ပြိုကျခဲ့လေသည်။

ပင်မမျှော်စင်ပင် အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့သည်။

ဆေးဝါးမျှော်စင်၏ အစွမ်းထက်သော ဝင်္ကပါအစီအရင်များနှင့် ၎င်းတို့၏ကြွယ်ဝမှုများစွာကြောင့် ဌာနချုပ်တစ်ခုလုံးသည် အကောင်းဆုံးပစ္စည်းများကို အသုံးပြုထားခြင်း မဟုတ်ပါက ထိုပေါက်ကွဲမှု ဖြစ်ပွားသည့် လျှို့ဝှက်ခန်း၏ အထက်မှ အခြားအထပ်များအားလုံး ပြိုကျနိုင်ဖွယ်ရှိလေသည်။

ထိပ်ဆုံးအထပ်တွင်….

ဝမ်လောင်ရှုကို သလင်းကျောက်ပေးကာ လုပ်ဆောင်ခိုင်းလိုက်ပြီးနောက် တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီဖြစ်သည့် ဆေးဝါးမျှော်စင်၏ ခေါင်းဆောင်ဟောင်းကြီးများ အချင်းချင်း ဆွေးနွေးနေခဲ့ကြလေသည်။

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသောအခါ အားလုံးပင် ထိတ်လန့်သွားကြလေသည်။

"ဘာတွေဖြစ်နေတာလဲ… ငါဘာလို့ ရုတ်တရက် စိတ်မသက်မသာကြီး ဖြစ်လာရတာလဲ…"

"ဒါဆို ဒီခံစားချက်ကို ခံစားနေရတာ ငါတစ်‌ယောက်တည်းမဟုတ်ဘူးပေါ့"

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now