30

846 76 0
                                    

ငါ့တပည့်တွေရူးနေကြပြီ

အခန်း30 - ကျုပ်ရဲ့ဆရာ ရီချန်းဂျီ

“ဒါက ငါ့အမှားပဲ...။ ငါ တာဝန်ယူပေးမယ်...”

ရေကန်စပ်တွင် ထိုင်နေသည့် လူကြီးမှ မတ်တပ်ရပ်လိုက်ပြီး
“ကောင်းကင်တာအိုကျောင်းတော်ဟာ နှစ်ပေါင်းထောင်ချီပြီး ဖြတ်သန်းခဲ့ပြီးပြီ။ ငါတို့ရဲ့ ခွန်အားက မတည်မြဲခဲ့ဘူး။ တစ်ခုခုပြုပြင်လိုက်မှသာ အပြောင်းအလဲက ပိုလို့တောင် အားကောင်းလာ‌စေနိုင်တယ်။”

အမျိုးသမီးကို မျက်နှာမူကာ ထိုလူကြီးမှ ပြောလိုက်သည် -
“သူ့ကို ကျောင်းတော်ကို ရိုးရိုးသားသား ဖိတ်ခေါ်ပြီး ငါတို့ကျောင်းတော်ရဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ခေါင်းဆောင် အဖြစ်တင်မြှောက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်။ အဆင်ပြေလား...”

“ခင်ဗျား... သူ့ကို ကျောင်းတော်ရဲ့ အနာဂါတ်ခေါင်းဆောင်ဖြစ်စေချင်တာလား” လူလတ်ပိုင်းအရွယ်က အံ့သြတကြီး မေးလိုက်သည်။

ခေါင်းညိတ်ပြကာ -
“သူ့ရဲ့ လက်ရှိစွမ်းဆောင်မှုတွေအရ... သူက ဒီအဆင့်လောက်နဲ့ ထိုက်တန်တယ် ဆိုတာထက်တောင် ပိုနေတယ်”

“ဟိုးအရင်ကတည်းက မြင့်မြတ်နယ်မြေက ရွေးချယ်ခံသားတော်တွေ, သူတော်စင်တွေရဲ့ ကြပ်မတ်လေ့ကျင့်မှု ရရှိခဲ့တဲ့ မျိုးဆက်တွေကိုတောင် ဖိနှိပ်နိုင်ခဲ့တယ်။ အခုဆို သူ ပိုသန်မာလာပြီ...။ သူပြန်လာခဲ့ရင် နောင်တချိန်မှာ သူက ငါတို့ ကျောင်းတော်ရဲ့ အသန်မာဆုံး ခေါင်းဆောင် ဖြစ်လာလိမ့်မယ်...”

ထိုအမျိုးသမီးသည် လီရှန်းရီကို ယုံကြည်မှုအပြည့် ရှိသည်။

“အဲဒါဆို ငါသွားပြီး ပြင်ဆင်လိုက်တော့မယ်...” လူကြီးမှ အပြင်သို့ လျှောက်သွားရင်း ပြောလိုက်သည်။

“အခြေအနေတွေကို မဆိုးဝါးစေဖို့ သတိထား...။ အတတ်နိုင်ဆုံး လိုက်လျောပေးလိုက်ပါ... တွန့်တိုနေစရာမလိုဘူး...!”
...

ရက်အနည်းငယ်ကြာပြီးနောက် ဖာယာမြို့သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာသော လီရှန်းရီသည် သူရင်းနှီးခဲ့ဖူးသောမြို့ကို လျှောက်ကြည့်နေခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now