112

547 44 0
                                    

အခန်း 112- ဒီပစ္စည်းတွေက ဘယ်က ရောက်လာတာလဲ

သိပ်မကြာခင်မှာပင် အားလုံးအဆင်သင့်ဖြစ်နေကြချေလေပြီ။

ကမ္ဘာပေါ်ရှိလူတိုင်း၏အာရုံစိုက်မှုအောက်တွင်ပင် ရီချန်းဂျီသည် ကောင်းကင်မဏ္ဍိုင် ကိုစတင်ပြုပြင်ခဲ့လေ‌တော့သည်။

မန္တာန်တစ်ခုအား ရီချန်းဂျီရွတ်ဆိုလိုက်သောအခါ ကောင်းကင်မဏ္ဍိုင်ကြီး၏ အပိုင်းအစများသည် ချက်ခြင်း ရွေ့လျားသွားကြ၏။

၎င်းတို့သည် အလိုအလျောက်ပင် ချိန်ညှိရွေ့လျားကာ ကြီးမားသော အရာဝတ္ထုကြီးတစ်ခုအဖြစ် အတူတကွ ပေါင်းစည်းသွားကြသည်။

ရေမျက်နှာပြင်ပေါ်မှတဆင့် ကောင်းကင်မဏ္ဍိုင်ကြီး၏အသွင်အပြင်ကို မရေမတွက်နိုင်သောလူများ မြင်တွေ့ခဲ့ရလေသည်။

တစ်ခဏမျှကြာအောင် တစ်ကမ္ဘာလုံးတွင် အာမေဋိတ်သံများဖြင့် ဆူညံလို့နေခဲ့လေတော့သည်။

ကောင်းကင်မဏ္ဍိုင်ကြီး၏ အသွင်အပြင်သည် ဆန်းကြယ်လွန်းလှပြီး ထွက်ပေါ်နေသော အရှိန်အဝါအငွေ့အသက်သည် အားကောင်းလွန်းလှလေသည်။

မြင့်မြတ်နယ်မြေများမှ လူများပင် အလွန်တုန်လှုပ်နေလျှက်ရှိကြလေသည်။

အမှန်တကယ်တမ်းတွင် လက်ရှိ ကမ္ဘာကြီးတစ်ခုလုံးတွင် လူဝင်စား ယုထျန်ရှင်းမှလွဲ၍ ကောင်းကင်မဏ္ဍိုင် ၏အသွင်အပြင်ကို မည်သူမျှမမြင်ဖူးပေ။

ဒဏ္ဍာရီလာ နတ်ဘုရားအဆင့်တည်ရှိမှုဖြစ်သော အရာကြီးမှာ လက်တွေ့ဖြစ်တည်လာပြီး လူတိုင်း၏ရှေ့တွင်ထွက်ပေါ်လာသည့်အခါ မရေမတွက်နိုင်သည့်လူများမှာ ထိတ်လန့်နေခဲ့ရလေသည်။

“ဒါက ငါတို့ ကောင်းကင်ဘုံလူသားကမ္ဘာရဲ့  ကောင်းကင်မဏ္ဍိုင်ကြီးလား... သူ့ရဲ့ အရှိန်အဝါက အရမ်းရှေးကျပြီး အစွမ်းထက်တာပဲ....!”

“ဒီလို အရာမျိုးကြီးတောင် ပျက်စီးပြိုကွဲသွားစေတဲ့ တိုက်ခိုက်မှုမျိုးက ဘယ်လိုအရာမျိုးကြီးများ ဖြစ်မလဲ...”

“ဒီလောက် အားကောင်းတဲ့ နတ်ဘုရားအဆင့်တည်ရှိမှုကြီးတောင် ဖြိုချခံခဲ့ရတယ်... ကောင်းကင်ကပ်ဘေးက ဘယ်လောက်ကြောက်စရာကောင်းလဲ... ငါတို့ တကယ် ခံနိုင်ရည်ရှိပါ့မလား...."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now