134

521 38 0
                                    

အခန်း 134- ဟဲယု လာရောက်စုံစမ်းမေးမြန်းခြင်း

များမကြာမီတွင် ဝူယွမ်ဖေးနှင့် ကျောက်ဟန်တို့သည် ကြီးမားသော တစ်စုံတစ်ခုကို ပြုလုပ်နေကြောင်း လူသိပိုများလာသည်။

ထိုသတင်းသည် အသင်္ချေပန်းကမ္ဘာတစ်ခွင်သို့ ပျံ့နှံ့လာသည်။

ပထမဆုံး တုံ့ပြန်သူများမှာ ဖြောင့်မတ်ခြင်းလမ်းစဉ် မဟာမိတ် ဂိုဏ်းရှစ်ခုအဖွဲ့ဖြစ်သည်။

ဆန်းကြယ်အစီအရင်ဂိုဏ်းသို့မဟုတ် ကောင်းကင်ရေလဂိုဏ်းမှလူများမှာ ဝူယွမ်ဖေးကို အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ကြသည်။

နောက်ဆုံးတွင် ဝူယွမ်ဖေးသည် ထိပ်သီးလူငယ် ဝင်္ကပါသခင် တစ်ယောက်အနေနှင့် သူသည် အခြားသူများထက် ထူးခြားနေပြီး အာရုံစိုက်ခံနေရသည့်သူပင် ဖြစ်နေသည်။

မကြာခင်မှာပင် တာအိုပညာရှင်ဟဲယုမှ ဝူယွမ်ဖေးအား ဆက်သွယ်လာခဲ့သည်။

"ဝူယွမ်ဖေး... မင်း သင်္ဘောပျံကို တည်ဆောက်ပြီး အစီအရင်တွေတပ်ဆင်နေတာက ဘယ်လိုပဲကြည့်ကြည့် ဒီကမ္ဘာကနေ ခဏလောက်ထွက်သွားဖို့ စီစဉ်နေတယ်လို့ ငါ ခံစားနေရတယ်... မင်းရဲ့ ရည်ရွယ်ချက်အမှန်ကို ပြောပြနိုင်မလား..."

ဝူယွမ်ဖေးမှာ တာအိုပညာရှင်ဟဲယု သူ့ထံ ရောက်လာရန် မမျှော်လင့်ထားဘဲ သူ့ရည်ရွယ်ချက်ကို ထိုမျှ စိတ်ဝင်စားနေမည်ဟု မထင်ထားမိ။

“စီနီယာ... ကျုပ် တကယ်ပဲ အပြင်ဘက်လောကကို ထွက်ကြည့်ချင်နေလို့ပါ... ကျုပ်ရဲ့ အကြံအစည်တချို့ကို စစ်ဆေးကြည့်ချင်လို့ပါ..."

"ငါ့ကို ဒီထက်နည်းနည်းလောက် မပြောပြနိုင်ဘူးလား... အခုချိန်မှာ မင်းကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးပဲနော်... မင်းကို ငါ အကူအညီတချို့လည်း ပေးချင် ပေးနိုင်မှာပေါ့...”

“စီနီယာသိတဲ့အတိုင်းပဲ... ကျုပ်ရရှိထားတဲ့ အမွေအနှစ်က တခြားကမ္ဘာကပဲ... အဲဒါကနေ ပြင်ပကမ္ဘာကိုသွားဖို့ စိတ်ကူးရလာတာပဲ... အဲဒါကို စစ်ဆေးပြီး ပြင်ပကမ္ဘာတွေဆီကို နည်းနည်းလောက် သွားကြည့်ချင်တာပါ...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now