1

4.6K 166 3
                                    

ငါ့တပည့်တွေရူးနေကြပြီ
ဘာသာပြန် - ဟိန်းထက်လှိုင်
အပိုင်း ၁ (တပည့်ခေါ်ယူခြင်း)

ကောင်းကင်ဘုံသေမျိုးကမ္ဘာ... လျှို့ဝှက်အစွန်းအဖျားဂိုဏ်း... မီးသစ်တောတောင်ထိပ်...

ရီချန်းဂျီတစ်ယောက် သူ့အရှေ့တွင် ထွက်ပေါ်နေသည့် စနစ်မျက်နှာပြင်အား စိတ်လှုပ်ရှားတကြီးဖြင့် ကြည့်နေမိသည်။

[စနစ်တာဝန် : ပထမဆုံးတပည့် ခေါ်ယူပါ။
[တာဝန်အချိန်ကန့်သတ်ချက် : ၁၅ရက်
[တာဝန်ဆုလာဘ် : လျှို့ဝှက်ဂရုဏာဥမင် ကောင်းကင်ကျင့်ကြံခြင်း အုတ်မြစ်။ ဖျက်စီးမရနိုင်သော ရွှေခန္ဓာကိုယ် ကျင့်စဥ်။]

နောက်ဆုံးတော့ နောက်ထပ်လုပ်ဆောင်ချက်တစ်မျိုးထပ်ပွင့်လာခဲ့ပြီပဲ...။ တာဝန်စနစ် ရလာခဲ့ပြီ..။

ရီချန်းဂျီမှာ အခြားကမ္ဘာမှ ဤကမ္ဘာကြီးသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်မှာ ဆယ်နှစ်ပင် ရှိခဲ့ပြီဖြစ်သည်။ သူနိုးထလာကာ ဤလျှို့ဝှက်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာချိန်မှစ သူ့တွင် ဤစနစ် ပါရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအချိန်က စနစ်တွင် ဝင်ရောက်သည့် လုပ်ဆောင်ချက်တစ်ခုသာ ပါရှိလေသည်။

ယခင်ဘဝက ရီချန်းဂျီမှာ သင့်တင့်မျှတခြင်းဟူသော လမ်းစဥ်ကို အတိအကျ လိုက်နာခဲ့သူ ဖြစ်သည်။ သူ့ထက်သာသူ အမြဲရှိသည်ကို အမြဲတမ်းလက်ခံနားလည်ထားခဲ့သည်။ မည်သည်ကို ရင်ဆိုင်ရမည်ဖြစ်စေ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားကာ ကျောစောခြင်းကို ရှောင်ရှားရန် ယုံကြည်ထားခဲ့သော ရီချန်းဂျီအတွက် အန္တရာယ်များ ရောပြွန်းနေသော ဤဆန်းကျယ်သောကမ္ဘာကြီးအား အတော်အတန်ပင် ကောင်းစွာ နားလည်ထားခဲ့သည်။

ထို့ကြောင့်ပင် ဤဆယ်နှစ်အတွင် ရီချန်းဂျီမှာ ဤတောင်၏ အပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းခဲ့ပဲ တိတ်တဆိတ်နှင့်သာ စနစ်တွင် နေ့စဥ် စာရင်းသွင်းရင်း နေထိုင်ခဲ့၏။

သို့သော် လူအများ၏ အသိတွင်မူ ရီချန်းဂျီမှာ ဂိုဏ်းတွင်သာမက ကောင်းကင်ဘုံသေမျိုး လောက၏ အရှေ့ဘက်ဒေသတစ်ခုလုံးတွင် အားကောင်းသူတစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now