168

500 33 0
                                    

အခန်း 168- ကောင်းကင်ကြယ်အင်ပါယာ

ယုထျန်ရှင်း၏ စကားသံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံလူသားကမ္ဘာကြီး တစ်ခုလုံး အံ့ဩတုန်လှုပ်ကုန်ကြတော့သည်။

ကောင်းကင်ယံအထက် မီတာထောင်ပေါင်းများစွာအမြင့် ဟင်းလင်းပြင်ထဲမှပင် သူမ၏စကားများကို ကမ္ဘာပေါ်မှ လူတိုင်းကြားနေရလေသည်။

အင်ပါယာနယ်ပယ်...! အင်ပါယာနယ်ပယ်သို့ ပြန်ရောက်ခဲ့ပြီ။

"ဘာ... သူမ ဘာပြောလိုက်တာလဲ... အင်ပါယာနယ်ပယ် ဟုတ်လား...."

"ငါကြားတာ မှားတာလား.... ကောင်းကင်ဘုံလူသားကမ္ဘာကြီးကို စောင့်ရှောက်နေတဲ့ အမျိုးသမီး ကျင့်ကြံသူက အင်ပါယာဖြစ်သွားတာလား...”

"အင်ပါယာနယ်ပယ်ကို ပြန်ရောက်ပြီလို့ ပြောလိုက်တာမလား... ဆိုလိုတာက သူမက အဲဒီနယ်ပယ်ကို အရင်ကရောက်ခဲ့ဖူးပြီးမှ ပြန်နိမ့်ကျလာတယ်ပေါ့ အဲလိုလား...“

"ကောင်းကင်ဘုံလူသားကမ္ဘာက အမျိုးသမီးအင်ပါယာက ဘယ်သူများလဲ..."

“အဲဒါ မဖြစ်နိုင်ဘူး... အခု နှစ်ပေါင်းများစွာအတွင်း ပထမဆုံးပေါ်လာတဲ့ အင်ပါယာက လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာ... အရင်အင်ပါယာတွေတုန်းက အင်ပါယာတစ်ပါးကွယ်လွန်မှ နောက်တစ်ပါးပေါ်ထွက်တာမလား...”

"ဒါဆို ကောင်းကင်ပေါ်က သူမက လိမ်ပြောနေတာလား..."

ထိုသို့သော ငြင်းခုံမှုများသည် ကောင်းကင်ဘုံလူသားကမ္ဘာရှိ နေရာတိုင်းတွင် ဖြစ်ပေါ်လာ၏။

သာမာန်လူသားများသာမက ကျင့်ကြံသူများလည်း ထိတ်လန့်သွားကြသည်။

ဟိုးယခင်ကတည်းကကောင်းကင်ဘုံလူသားကမ္ဘာတွင် အင်ပါယာနှစ်ပါး တစ်ပြိုင်နက်တည်း ပေါ်ထွက်ခဲ့သည်မျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးပေ။

ယခုတွင် ကြီးမြတ်သောအင်ပါယာတစ်ပါးရှိရုံသာမက မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အတွေးအမြင်ကို ရိုက်ချိုးခဲ့သော နောက်ထပ်အင်ပါယာတစ်ပါးလည်း ထွက်ပေါ်လာပြန်သေးသည်။

ကောင်းကင်ကြယ်မြို့တော်...။

"ဘာလဲဟ.... ကောင်းကင်ကြယ်အင်ပါယာက ဘာပြောလိုက်တာလဲ... သူမလည်း အင်ပါယာနယ်မြေကို ပြန်ရောက်သွားပြီတဲ့လား...."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now