165

507 32 0
                                    

အခန်း 165- နှစ်ထောင်ပေါင်းများစွာတည်ရှိ‌နေခဲ့သော စိတ်ဝိညာဉ်

ဝေ့ထျန်နှင့် တခြားသူများမှာ ထိုကိစ္စကြောင့် လုံးဝကို ထိတ်လန့်သွားပုံရ၏။

ကောင်းကင်ယံ ကမ္ဘာအကာအရံအတွင်းမှ ကပ်၍ တိုက်ပွဲကို စောင့်ကြည့်နေသူများလည်း ရှိသေးသည်။

၎င်းတို့မှာ ကောင်းကင်ဘုံလူသားကမ္ဘာပေါ်မှ စောင့်ကြည့်နေသော သာမန်လူများ သာမာန်ကျင့်ကြံသူများနှင့် မတူပဲ ကောင်းကင်ဘုံလူသားကမ္ဘာ၏ အစွမ်းထက်သော ကျင့်ကြံသူများဖြစ်သည်။

သူတို့အတွက်မှာမူ သူတို့ နားလည်နိင်သည့် အရာများမှာ အောက်ဖက်ရှိ သာမာန်လူများ သိနိုင်သည်ထက် ပိုပေသည်။

“ဒီအမျိုးသမီး ကျင့်ကြံသူလေးက ဘယ်ကလာတာလဲ... သူ့အကြောင်း ဘယ်သူသိလဲ...."

ချင်ခွန်းတောင်ကြားမှ ကျင့်ကြံသူတစ်ဦးသည် အံ့ဩစွာ အော်ဟစ်မေးမြန်းလိုက်သည်။

"သူမက ဘယ်ကလာလဲဆိုတာ အတိအကျတော့ မသိပေမယ့် ခုနက အသုံးပြုခဲ့တဲ့ ကြယ်ရောင်အလင်းကနေ ကြည့်မယ်ဆိုရင်... ဒါဟာ ကောင်းကင်ကြယ်မြို့တော်ရဲ့ မြင့်မြတ်ရတနာပဲလို့ ငါတော့ထင်တယ်...."

“ဟမ့်...! အခု မင်းပြောနေတာက ကောင်းကင်ကြယ်မြို့တော်မှာ ဒီလိုမျိုး အစွမ်းထက်တဲ့ ကျင့်ကြံသူ အမြဲရှိနေတယ်လို့ ပြောချင်နေတာလား...”

“ဟုတ်တယ်လေ... ဘာမှသိပ်မထူးဆန်းပါဘူး.... ဘာပဲပြောပြော ကောင်းကင်ကြယ်မြို့တော်က အားအကောင်းဆုံး မြင့်မြတ်နယ်မြေအဖြစ် အမြဲရှိနေခဲ့တာပဲ....”

မှန်းဆပြောနေသူများစွာ ရှိလာသလို အခြေအနေအတိအကျကိုသိရရန်လည်း ကောင်းကင်ကြယ်မြို့တော်သို့ ဓားပျံများပို့လွှတ်ကာ သတင်းစုံစမ်းသူများလည်း ရှိလာ၏။

သူ့ရှေ့တွင် ရောက်ရှိနေသော ဓားပျံများစွာကို ကြည့်ရင်း ကုန်းဖေးဖန်တစ်ယောက် မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။

“ပဉ္စမဘိုးဘေး.... ကျုပ်တို့ ဒါကို ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ....”

ပဉ္စမဘိုးဘေးလည်း မျက်မှောင်ကြုတ်ကာ အသေအချာ စဉ်းစားလို့နေလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now