176

504 37 1
                                    

အခန်း 176- တပည့်သစ်သုံးယောက်

စိတ်ထဲတွင် ကိုယ်စီဆုံးဖြတ်ချက်များခိုင်မာသွားကြပြီဖြစ်သော သုံးယောက်သည် ပြိုင်ဆိုင်လိုစိတ်များ ပြင်းထန်လာခဲ့လေ၏။

အထူးသဖြင့် ဝူယွမ်ဖေးနှင့် ကျောက်ဟန်တို့ဖြစ်သည်။

ဝူယွမ်ဖေးသည် ပြင်ပကမ္ဘာတစ်ခုမှ အမွေအနှစ်ကို ရရှိခဲ့သည်။ အဝါရောင်တာအိုနန်းတော်၏ အင်အားသည် ကမ္ဘာပေါင်းများစွာကို အုပ်စိုးရန် လုံလောက်ခဲ့သည်။

ဤအရာသည် ကောင်းကင်ဘုံလူသားကမ္ဘာရှိ မည်သည့်အဖွဲ့နှင့်မျှ နှိုင်းယှဉ်၍မရသော အရာဖြစ်သည်။

သူ၏ ခွန်အားအကုန်လုံးကို အသုံးပြုလိုက်သောအခါတွင် ထူးဆန်းသောအင်းကွက်များ သူ့ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

တခြားသူများနှင့် တိုက်ပွဲတွင်ဖြစ်စေ ဝင်္ကပါခင်းကျင်းခြင်း ပညာရပ်အား စမ်းသပ်မှုတွင်ဖြစ်စေ ဝူယွမ်ဖေး၏ စွမ်းဆောင်မှုမှာ အလွန်ဖမ်းစားနိုင်ခဲ့လေသည်။

ကျောက်ဟန်သည်လည်း အလွန်အစွမ်းထက်သော ခွန်အားများအား ထုတ်ဖော်ပြသနေ၏။

သူ၏ ကိုယ်ပိုင်ခွန်အားသည် ယှဉ်ပြိုင်သူအများအပြားကို ကျော်လွန်ရုံသာမက သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားပမာဏသည်လည်း အခြားသူများ နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ပေ။

၎င်းမှာ သူ့အားတိုက်ပွဲများတွင် တခြားသူများနှင့် သူမတူအောင် ဖြစ်နေစေသည်။ ကျောက်ဟန်သည် လုံးဝမအနားယူဘဲ တစ်ပွဲပြီးတစ်ပွဲ တိုက်ခိုက်နေလေသည်။

သူ့၏ စွမ်းဆောင်ရည်ကြောင့် လူတိုင်း အံ့အားသင့်နေကြ၏။

မည်မျှပင်အားကောင်းသူဖြစ်စေ အခြားသူများသည် ၎င်းတို့၏ တိုက်ပွဲများ တစ်ခုနှင့်တစ်ခုကြားတွင် အနားယူရန် လိုအပ်နေသေးသည်။

ထိုကဲ့သို့ စဉ်ဆက်မပြတ် တိုက်ခိုက်နိုင်မှုမှာ တကယ့်ကို လူမဆန်ပေ။

လီထျန်းချီသည် ၎င်းတို့နှင့် ကွဲပြားသောကြောင့် ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များအား ဖော်ထုတ်ခြင်းစမ်းသပ်မှုများတွင်သာ ပါဝင်နိုင်ခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now