106

571 34 0
                                    

အခန်း 106- လူအများ၏အမြင်

လီမိသားစုခေါင်းဆောင်သည် မြင့်မြတ်နယ်မြေများကိုထဲထဲဝင်ဝင်သိရှိထားသည်။

ထိုမြင့်မြတ်နယ်မြေများသည် တစ်ကိုယ်ကောင်းဆန်သူများဖြင့်သာ ဖွဲ့စည်းထားကြောင်း သူသိ‌ပေသည်။

ယခုအချိန်တွင် ကမ္ဘာတစ်ခုလုံးအတွက် အကျိုးရှိစေမည့်အရာများကိုလုပ်ဆောင်နေရသည့် အကြောင်းရင်းမှာ ၎င်းတို့၏ မြင့်မြတ်နယ်မြေများအတွက်လည်း ပိုမိုအကျိုးရှိစေမည့်အရာများ ပြန်လည်ရရှိမည်ကို သိထားသောကြောင့်ဖြစ်သည်။

အကယ်၍ လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာ၏ဖိအားနှင့် ကောင်းကင်ကပ်‌ဘေး၏ဖိအားကြောင့်မဟုတ်ပါက မြင့်မြတ်နယ်မြေများသည် အချင်းချင်းသာ ရန်ဖြစ်နေမည်မှာ သေချာလှပေသည်။

ထို့ကြောင့် လီမိသားစုခေါင်းဆောင်သည် မြင့်မြတ်နယ်မြေများကို ကျေးဇူးမတင်ရုံသာမက လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာကိုပင် ကျေးဇူးတင်ရှိနေခဲ့သည်။ ဤသူသည် ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သူဖြစ်သည်။

သို့သော် သာမာန်လူအများအပြားက ထိုကဲ့သို့ မမြင်ခဲ့ကြ။

၎င်းတို့သည် စုံလင်သော သတင်းအချက်အလက်များ ရယူနိုင်စွမ်းမရှိသောကြောင့် ကောင်းကင်ပေါ်ရှိ ရေမျက်နှာပြင်မှ ၎င်းတို့ဘာသာ ကိုယ်ပိုင်အချက်အလက်များကိုသာ စုဆောင်းခဲ့ကြရသည်။

“ကြည့်... ကြည့်.... အရင်က မင်း ငါ့ကို မလှုပ်ရှားဘူးလို့ အပြစ်တင်နေတယ်... အခု မြင့်မြတ်နယ်မြေတွေ ဒီကိုရောက်လာပြီ..."

“ဟုတ်တယ်… ကျွန်မ မှားသွားတယ်… ကျွန်မကိုက ဝေးဝေးမမြင်နိုင်တာပါ..."

ဤသည်မှာ အရှေ့ပိုင်းဒေသမှ လူငယ်စုံတွဲတစ်တွဲ၏ စကားဝိုင်းဖြစ်သည်။

အနောက်သမုဒ္ဒရာတွင် အပြောင်းအလဲများဖြစ်လာပြီး ဝိဉာဉ်စွမ်းအင်များပေါများလာသည်ကို ကြားလျှင် ချမ်းသာသည့် မိသားစုမှ ငယ်ရွယ်သည့် ဇနီးမောင်နှံမှာ သူတို့၏ ကလေးများကို ထိုအနောက်ဖက်ဒေသသို့ ခေါ်ဆောင်သွားရန် စီစဉ်ထားခဲ့ကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now