96

635 45 0
                                    

အခန်း 96- အခြားအင်အားစုများ

လီရှန်းရီ နှင့် ယုထျန်ရှင်းတို့ အရှေ့ပိုင်းဒေသတွင် တွေ့ဆုံခဲ့ကြသည်။

သူတို့နှစ်ဦးကို ရီချန်းဂျီ ပစ္စည်းများစုဆောင်းရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အချိန်အတော်ကြာ အလုပ်လုပ်ပြီးသည့်နောက်တွင်မှ အနားယူနိုင်ခဲ့လေသည်။

ရီချန်းဂျီ သည် ဂိုဏ်းများ အင်အားစုများမှလိုအပ်သည့် ပစ္စည်းများကို တိုက်ရိုက်တောင်းရန် ဆုံးဖြတ်လိုက်သောကြောင့် သူတို့ဆက်လက်ခရီးထွက်နေရန် မလိုအပ်တော့ပေ။

သူတို့အားလုံး လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှ သူတို့တောင်ထိပ်၏ ကောင်းကင်ဥမင်ရှိ များပြားလှသော ဝိညာဉ်စွမ်းအင်များကို အတန်ငယ် လွမ်းဆွတ်လာခဲ့ကြသည်။

အထူးသဖြင့် ယုထျန်ရှင်းသည် ကျင့်ကြံခြင်းတွင် အခြေခံအုတ်မြစ်အသစ်ကို ချခဲ့ပြီးဖြစ်သည်။ အင်ပါယာအဆင့်၏ အထက်နယ်ပယ်သို့ လျင်မြန်စွာရောက်ရှိရန် သူမ မစောင့်နိုင်တော့ပေ။ သူမသည် အစကတည်းက အင်ပါယာအဆင့် ကျင့်ကြံခြင်း ညဏ်အလင်းများ ရှိထားခဲ့ပြီး ဖြစ်သည်။ သူမလိုအပ်သည်မှာ ဝိဉာဉ်ချီစွမ်းအင်သာ ဖြစ်သည်။ ယခုသူမ ခရီးထွက်လာရသောအခါ ပြင်ပလောက၏ ချီစွမ်းအင်မှာ မီးသစ်တောတောင်ထိပ် မြေအောက်ရှိ ဆန်းကြယ်ဥမင်ထဲမှ ချီစွမ်းအင်သိပ်သည်းမှုနှင့် ကွာဟနေသောအခါ သူမ၏ ကျင့်ကြံရေးတွင် နှောင့်နှေးနေခဲ့‌ရတော့သည်။

ရီချန်းဂျီ၏ လမ်းညွှန်မှုအောက်တွင် သူမသည် "သာမာန်ထက် ထူးကဲသော အင်ပါယာတစ်ပါး" ဖြစ်လာမည်မှာ သေချာပေသည်။

“ညီမလေး... ငါတို့ ဆရာရဲ့ အစစ်အမှန် ပုံစံကို ပြောကြည့်စမ်း... ဘာလို့ သူအစီအရင်တွေဖန်တီးတာကို တခြားသူတွေကို ကြည့်ရှုခွင့်ပြုဖို့ သဘောတူခဲ့တာလဲ။ လူတွေအများကြီးရှိနေတာပဲကို...”

အချိန်အတန်ကြာ မတွေ့ခဲ့ရသော အစ်ကိုနှင့် ညီမငယ်တို့ ခဏဆုံတွေခိုက် လီရှန်းရီမှ သူ့ သံသယများကို ထုတ်မေးလိုက်သည်။

သူ့စိတ်ထဲတွင် အင်ပါယာတစ်ပါး လူဝင်စားလာသော ယုထျန်ရှင်း သည် သူမ၏မှတ်ညဏ်များကို ပြန်လည်ရရှိလာလျှင် အသိပညာဗဟုသုတနှင့် ကျင့်ကြံမှုနှစ်ခုစလုံးတွင် သူ့ထက် သေချာပေါက် ထူးခြားမည်ဟု မှတ်ယူထားခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now