28

941 74 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၂၈ - အားကောင်းသောရန်သူ ရောက်ရှိလာခြင်း

အသူရာတစ္ဆေဒေသ။

“ယွမ်ယိရှီဆီက သတင်းရထားတယ်။ မီးသစ်တောတောင်ထိပ်က လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်မယ်လို့ သူသံသယရှိနေတယ်လို့ ပြောတယ်။ ငါတို့ ဆက်ပြီး စုံစမ်းကြရမယ်...။”

“အခုအခြေအနေတွေ‌က ပိုရှုပ်ထွေးလာနေတယ်။ လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှာ ဒီလို နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ရှိမယ်လို့ မျှော်လင့်မထားမိဘူး။ သူတို့ရဲ့ အင်အားနဲ့ အခြေခံအုတ်မြစ်ကို ကျုပ်တို့ လျှော့တွက်ထားမိပြန်တယ်။”

“ဒါက မထူးဆန်းဘူး။ နောက်ဆုံးတော့ ငါတို့ကို အဲဒီတုန်းက သူတို့က အနိုင်ယူခဲ့လို့ ပြိုကွဲခဲ့ရတာပဲ...။ ခုဆို နှစ်အတော်ကြာပြီးတဲ့အထိ သူတို့ရဲ့ အမွေဆက်ခံမှုနဲ့ စည်းလုံးညီညွတ်မှုတို့က မပြိုကွဲတဲ့အတွက် သူတို့ရဲ့ ခွန်အားတွေက ပုံမှန်အတိုင်း တိုးပွားလာတာ မထူးဆန်းပါဘူး...။”

“အခုတော့ မျောလွင့်နှင်းဂိုဏ်းကို ငါတို့ တိတ်တဆိတ် ချုပ်ကိုင်ထားနိုင်ပြီ...။ ချီလန်တောင်က တောင်ဘက်နယ်စပ်မှာရှိတဲ့ တောင်ပေါင်းတစ်သိန်း‌ေဒသနဲ့ နီးကပ်ပြီး လူသူအရောက်အပေါက်မရှိ တသီးတသန့် ဖြစ်နေတယ်...။ တစ္ဆေ‌‌ဒေသရဲ့ ဌာနချုပ်ကလည်း တည်ငြိမ်နေပြီ... ဆိုတော့ ကျန်တဲ့ ကိစ္စအကုန်လုံးက လျှို့ဝှက်အစွန်အဖျားဂိုဏ်းပဲ....!”

ထိုအချိန်တွင် အသူရာတစ္ဆေသခင်၏ ဩဇာရှိသော အသံကြီး ထွက်ပေါ်လာ၏။

“ရုံးချုပ်မှာ ရှိတဲ့သူတွေက အရမ်းစိတ်ပျက်နေကြပြီ။  ဒါပေမယ့်သူတို့က ငါတို့ကို စိတ်မလောဖို့ အကြံပေးနေကြတုန်းပဲ။ ပြောရရင် ငါတို့ လျှို့ဝှက်အစွန်အဖျားဂိုဏ်းကို သိမ်းပိုက်နိုင်သရွေ့ ကမ္ဘာမြေချီစွမ်းအင်ကြောကြီးလေးခုကို ငါတို့ ထိန်းချုပ်နိုင်မှာပဲ...”

“အခုအချိန်မှာ အသင်္ချေဓားဂိုဏ်းနဲ့ ဝမ်ချန်းဂိုဏ်းက လျှို့ဝှက်အစွန်အဖျားဂိုဏ်းကို စပြီး ကြပ်တည်းအောင် လုပ်နေပြီ...။ ငါတို့အားလုံး စောင့်ရုံပဲ စောင့်သင့်တယ်။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now