71

664 54 0
                                    

အခန်း 71- ကောင်းကင်ကြယ်မြို့တော်၏ရတနာများ

ယုထျန်ရှင်းမှာ သာမန် ကောင်းကင်ကြယ်မြို့တော်အဖွဲ့ဝင်များရှေ့မှ ပျောက်ကွယ်သွားခဲ့ကာ အခြားခန်းမသို့ သွားခဲ့လိုက်သည်။

သူမ စစ်ဆေးကြည့်ရ‌သလောက် ထိုခန်းမမှာ ကောင်းကင်ကြယ်မြို့တော်၏ အကြီးဆုံးနန်းတော်ဖြစ်ကာ အဓိကအချက်အချာနေရာ ဖြစ်ပေလိမ့်မည်။

ယခင်ခန်းမသည် သွေးရင်းမျိုးဆက်များနှင့် ဘိုးဘေးများ စုဝေးရာနေရာသာ ဖြစ်သည်။

“အဓိက ခန်းမဆောင်ကို လာခဲ့ကြ... သွေးရင်းမျိုးဆက်တွေလည်း ဒီကိုလာခဲ့"

သတိကောင်းကောင်း မကပ်နေသေးသော ကုန်းဖေးဖန်နှင့် အခြားသူများထံ စိတ်စွမ်းအင်ဖြင့် လှမ်းခေါ်သံကြားလိုက်ကြရသည်။

ထိုအခါမှ လူတိုင်းလည် အိပ်မက်ကနေ နိုးထလာပုံဖြင့် ကမန်းကတန်း ထသွားကြရတော့သည်။

“ကင်းလှည့်တာ မြန်မြန်တိုးထားလိုက်။ ကောင်းကင်ကြယ်မြို့တော်ရဲ့ ထွက်ပေါက်အကုန်လုံးကို ပိတ်ဆို့ထား။ မြို့ထဲက ဘယ်သူမှ အပြင်ထွက်ခွင့် မပေးနဲ့။”

“အားလုံး နားထောင်ကြ။ လောလောဆယ် မြို့ထဲကနေ ဘယ်သူမှ အပြင်ထွက်ခွင့်မရှိဘူး။ မနာခံတဲ့သူ သေ​ဒဏ်​​ ချမှတ်မယ်...”

ချက်ချင်းပင် ပင်မခန်းမထဲမှနေ၍ အမိန့်များ ထုတ်ပြန်ကာ အခြေအနေကို ထိန်းချုပ်လိုက်သည်။

သွေးရင်းမျိုးဆက်များအားလုံး ပင်မခန်းမဆီသို့ အမြန်ပြေးသွားကြလေသည်။

ယုထျန်ရှင်းသည် နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ သူတို့ရောက်လာမည့်အချိန်ကို စောင့်နေ၏။

"အရှင်မ...!"

လူတိုင်း ဦးညွှတ်လိုက်ကြသည်။

“အခုနက သစ္စာဖောက်တွေကို တောင်းပန်ပြီး သစ္စာဖောက်လမ်းစဉ်လိုက်ချင်တဲ့ အရှက်မရှိတဲ့ သူတွေကို ချုပ်နှောင်ထားလိုက်... သူတို့နဲ့ သူတို့မိသားစုတွေက သွေးရင်းမျိုးဆက်ဖြစ်ခွင့် မရှိတော့ဘူး။”

သာရာဘက်ကို လိုက်ကာ ကုန်းထျန်းရီနှင့် အခြားသူများကို တောင်းပန်‌နေခဲ့ကြသည့် မိသားစုဝင်များ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now