20

915 73 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း 20- ထွက်လာမလား မလာဘူးလား

ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲအချို့လည်း တောင်၏ အကာအကွယ် အစီအရင် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

အပြင်ဘက်တွင် လူလတ်ပိုင်းတစ်ဦး၏ ခေါင်းဆောင်မှုနှင့် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသား ခုနစ်ဦး ရှိနေ၏။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းထဲမှ ထွက်လာသည့်လူများကို မြင်လျှင် ခေါင်းဆောင် လူရွယ်မှ -
“နောက်ဆုံးတော့ တစ်ယောက်ယောက် ထွက်လာပြီပဲ...။ မင်းတို့ လျှို့ဝှက်အစွန်အဖျား ဂိုဏ်းက ငါ့ပစ္စည်းကို ခိုးသွားပြီး သေချင်ယောင်ဆောင်ချင်နေတာလို့ ငါထင်နေတာ...။”

သူ့စကားများမှာ အဆင်မပြေစွာ ရင့်သီးလှသည်ကို ကြားလျှင် အကြီးအကဲ တော်တော်များများမှာ မျက်မှောင်များကြုတ်သွားကြလေသည်။

“မင်းက ဘယ်သူလဲ... မင်းပြောတဲ့ မှော်ရတနာဆိုတာ ဘာလဲ...”

“မင်းတို့က မသိယောင်ဆောင်နေတုန်းပဲကိုး...။ မင်းတို့ လျှို့ဝှက်အစွန်အဖျားဂိုဏ်းက ငါ့ရဲ့ အမှောင်ဝိဉာဉ်ဒယ်စောက်အိုးကို ခိုးယူသွားတာကို လူတော်တော်များများ မြင်လိုက်ကြတယ်။”

အကြီးအကဲဝူ ရှေ့သို့ လှမ်းထွက်လာပြီး ရတနာ ဒယ်စောက်အိုးကို ထုတ်ယူလိုက်သည်။

“မင်းဒီအကြောင်းပြောနေတာလား။”

“ဟုတ်တယ်...။”

“မင်းပိုင်ဆိုင်တဲ့ ပစ္စည်းပါလို့ မင်း ဘယ်လိုသက်သေပြနိုင်သလဲ”

လူရွယ် အမျိုးသားမှာ ဟက်ဟက်ပက်ပက်ပင် ရယ်မောကာ မန္တာန်ရွတ်ဆိုရင်း လက်ကို မြှောက်လိုက်သည်။

အကြီးအကဲဝူ၏ လက်ထဲမှ ဒယ်စောက်အိုးမှာ ရုတ်တရက် တောက်ပ လင်းလက်သွားလေသည်။ ၎င်းကိုမြင်လျှင် အကြီးအကဲဝူမှာ ဤရတနာမှာ အမှန်ပင် တစ်ဖက်လူတို့ ပိုင်ဆိုင်သည့်အရာ ဖြစ်နိုင်သည်ကို သိလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအခိုက်တွင် ဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများသည် ရပ်နေကြကာ လှုပ်ရှားခြင်းမပြုကြသေးပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now