189

516 32 0
                                    

အခန်း 189- ကြယ်စင်စုမြို့တော်၏အကြပ်အတည်း

ရီချန်းဂျီ သူ့အခန်းထဲမှ တိုက်ရိုက်ထွက်လာပြီး မြို့တော်သခင်၊ အားဟူနှင့် အခြားသူများနှင့်အတူ မြို့တော်သခင်နေထိုင်ရာ ခန်းမဆောင်သို့ ချက်ခြင်းထွက်လာလိုက်သည်။

"အာဟူ.... သူ့ခြေလက်တွေ ချိုးပစ်လိုက်..."

၎င်းကိုကြားလျှင် အားဟူ အံ့သြသွား၏။

သို့သော် လျင်မြန်စွာပင် တုံ့ပြန်ခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အားဟူ ပျောက်ကွယ်သွား၏။

အပြင်ဘက်မှ ဝင်လာသော နတ်ဆိုးသည် ရုတ်တရက် ရပ်တန့်သွား၏။ သူသည် တိုက်ပွဲပေါင်းများစွာတွင် အတွေ့အကြုံအလွန်ရှိခဲ့သဖြင့် ယခုလည်း အန္တရာယ်ကို ချက်ချင်း ခံစားခဲ့မိသည်။

သူစကားမပြောရသေးခင်တွင်ပင် တစ္ဆေတစ်‌ကောင်လို အဖြူရောင်ပုံရိပ်တစ်ခု သူ့မြင်ကွင်းထဲတွင်ပေါ်လာလေသည်။

အလွန်အန္တရာယ်များသော ခံစားချက်တစ်ခုလည်း ရုတ်တရက်ဖြစ်ပေါ်လာသည်။ သူ့ကိုယ်ပေါ်ရှိ အမွေးများအားလုံးထောင်တက်သွားပြီး သူ တုံ့ဆိုင်းမနေရဲတော့ပေ။

သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ နတ်ဆိုးစွမ်းအင်များသည် အကန့်အသတ်သို့ ရောက်သည်အထိ မြင့်တက်လာခဲ့သည်။ နတ်ဆိုးစွမ်းအင်များ၏ အရှိန်အဟုန်အောက်တွင် အားကောင်းလှသော နတ်ဆိုးစွမ်းအင်များသည် သူ၏ လက်သီးများတွင် စုစည်းရောက်ရှိသွားခဲ့လေသည်။

"ကျားဟိန်းလက်သီး..."

မီးခိုးရောင်အခိုးအငွေ့များအဖြစ် ထွက်ပေါ်လသည့် ကျားပုံသဏ္ဍာန်ကြီးမှာ လက်သီးထိုးချက်မှ ပေါက်ကွဲသံနှင့်အတူ ရှေ့သို့ ခုန်ထွက်လာလေသည်။

လေထုထဲတွင် သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသာရှိနေပြီး ထိုအထဲတွင် အုံ့မှိုင်းအေးစက်သော အော်ရာတို့ ရောနှောပါဝင်နေ၏။ ၎င်းကို ရပ်တန့်နိုင်မည့်ပုံမပေါ်ပေ။

အားဟူ ပို၍ပင် စိတ်လှုပ်ရှားသွားမိသည်။ သူ အသက်တစ်ချက် ရှူထုတ်လိုက်ပြီး သူ၏ ညာလက်သီးသည်လည်း အဖြူရောင် အလင်းရောင်တစ်ခုနှင့် သူ့ထံမှ မြင့်တက်လာ၏။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now