32

845 63 0
                                    

အခန်း ၃၂- အန္တိမဓားဆယ်လက်ဂိုဏ်းမှ ဓားတစ်လက်

မူမမှန်မှုကို သတိပြုမိကြလျှင် ကောင်းကင်တာအိုကျောင်းတော်၏ လုံခြုံရေးအဖွဲ့များသည် တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။

ဖန်းယုရူ၏ ခြံဝင်းထဲမှ အဖြစ်အပျက်များကို  မြင်လိုက်ကြရလျှင် လူတိုင်းမှာ အံ့အားသင့် တုန်လှုပ်သွားကြတော့သည်။

သူဘာလုပ်ခဲ့သနည်း။ အင်အားကြီးတစ်စုံတစ်ယောက်ကို အပြစ်ပြုခဲ့သည်လား။ သို့မဟုတ် ကောင်းကင်ထက်မှ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု သူ့ထံရောက်ရှိလာအောင် လုပ်ဆောင်ခဲ့သည့် တခြားအကြောင်းအရာ တစ်ခုခု ရှိသည်လား။

“ဘာတွေဖြစ်နေတာလဲ.... ဒီလက်ဝါးရိုက်ချက်ရဲ့ အစွမ်းက ဘာလို့ ဒီလောက် ကြောက်စရာကောင်းရတာလဲ...”

“မြန်လွန်းတယ်။ အစီအရင်ရဲ့ အလိုအလျောက် စွမ်းအင်သိုလှောင်မှု အမြန်နှုန်းကတောင် ဒီတိုက်ခိုက်မှုရဲ့ အရှိန်ကို မီအောင် မကာကွယ်လိုက်နိုင်ဘူး...”

“ဒါက ပုံမှန်ပါပဲ။ တကယ်တော့ အဲ့ဒါက အလိုအလျောက်သတိပေးချက်တစ်ခုပဲ... ဘယ်သူကမှ ထိန်းချုပ်ထားတာမှ မဟုတ်တာ”
ကောင်းကင်တာအိုကျောင်းတော်၏ လျှို့ဝှက် နောက်ခံအုတ်မြစ်အချို့လည်း ထိတ်လန့်သွားခဲ့ကြသည်။

“ဘယ်ကောင်လုပ်တာလဲ...! ကောင်းကင်တာအိုကျောင်းတော်ကို ဘယ်လို ကောင်မျိုးက ရန်စရဲတာလဲ။ ဘယ်သူမှ မလုပ်ရဲဘူးကွ...!”

တောင်၏နောက်ဘက်မှ လျှို့ဝှက်နယ်မြေထဲတွင် အဖိုးအိုတစ်ယောက် ဒေါသ ခြောင်း‌ခြောင်း ထွက်နေကာ သူ့ထံမှ ပတ်ဝန်းကျင်လေထုအား ဖရိုဖရဲဖြစ်နေစေသည့် အဝါ‌ရောင် ခပ်ဖျော့ဖျော့ အော်ရာတစ်ခု ထွက်ရှိနေ၏။

သူ၏ စိတ်ဝိညာဉ်အာရုံသည် ဖန်းယုရူ၏ ခြံဝန်းငယ်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ရုတ်တရက်ပင် သူ့အမူအရာ ပြောင်းလဲသွားလေသည်။

ဒီလို ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုး...။ ဒီလို သိပ်သည်းတဲ့စွမ်းအင်မျိုးက....။

သူ့အား ထိတ်လန့်စေသည့်အရာမှာ လက်ဖဝါးရာကြီး၏ အောက်တွင် ကျန်ရှိခဲ့သော စွမ်းအင်များဖြစ်သည်။ ၎င်းစွမ်းအင်များမှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးလှသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now