167

503 38 0
                                    

အခန်း 167- အင်ပါယာနယ်ပယ်အားဖြတ်ကျော်ခြင်း

ယုထျန်ရှင်း၏ နှလုံးသားသည် တိုက်ပွဲ၏ အရှိန်ဖြင့် ပူလောင်လို့နေ၏။

သူမ ယခင်ဘဝက သင်ယူခဲ့သမျှကို ဖြည်းညှင်းစွာ ပြန်လည်သင်ယူနေသလို ခံစားနေရလေသည်။

ကောင်းကင်တွင် ခရမ်းရောင် ဖီးနစ်သည် ကွယ်ပျောက်သွားရာမှ ပြန်လည်စုစည်းလာနေကာ နဂါးကြီးများကို ထပ်တလဲလဲဖြင့် တိုက်ခိုက်လိုက် ပျက်စီးလိုက် ဖြစ်နေလေသည်။

ခရမ်းရောင်ဖီးနစ် ပျောက်ကွယ်သွားသည့် နေရာတွင် စွမ်းအင်များ ကျန်နေသေးကြောင်း သူမသာ သိထားပေသည်။

၎င်းမှာ ကောင်းကင်ကြယ်တာရာကျင့်စဥ်၏ လျှို့ဝှက်နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။

ထူးဆန်းသော အကြွင်းအကျန်စွမ်းအင်များသည် စွမ်းအင်မျိုးစေ့များအဖြစ်သို့ ပြောင်းလဲနိုင်ပြီး ကြီးမားသော ဝင်္ကပါတစ်ခု ဖြစ်လာနိုင်၏။

စွမ်းအင်လုံလောက်ပြီး အချိန်ကျလာသောအခါတွင် ခရမ်းရောင်ဖီးနစ်ငှက်၏ စွမ်းအင်မျိုးစေ့များအားလုံးသည် ခရမ်းရောင်ဖီးနစ်အသစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေလိမ့်မည်။

ခရမ်းရောင်ဖီးနစ်ငှက်မျိုးစေ့ အရေအတွက် လုံလောက်ရန် စောင့်ဆိုင်းရင်း ဤတိုက်ခိုက်မှုများအားလုံးကို သူမ ရှောင်တိမ်နေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူမသည် စကြဝဠာတစ်ခွင်ပျံ့နှံ့နေသောစွမ်းအင်များကို အသုံးပြုကာ အဆင့်ချိုးဖြတ်တက်ရောက်ခြင်းအား ပြီးမြောက်စေခဲ့လိုက်တော့သည်။

"မင်းတို့တွေက အရမ်းသန်မာတာ ဟုတ်တယ်... ဒါပေမယ့် လုံလောက်အောင်တော့ မသန်မာသေးဘူး.... နည်းနည်းတော့ လိုသေးတယ်....”

ယုထျန်ရှင်း၏ လှောင်ပြောင်သံ ထွက်ပေါ်လာလျှင် ကြည့်ရှုနေသူ ပရိသတ်အားလုံး အံ့အားသင့်သွားကြ၏။

ထွက်ပြေးတိမ်းရှောင်နေသော ယုထျန်ရှင်းသည် တဖန်ပြန်၍ သူမအား လိုက်လံတိုက်ခိုက်နေသည့်အင်ပါယာတစ်ပိုင်းများကို လှောင်ပြောင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now