87

642 43 0
                                    

အခန်း 87- လဝါဂိုဏ်း

“အား...!”

အော်ဟစ်သံများ ဆက်တိုက်ကြားနေရလေသည်။

လေထဲတွင် လွင့်မျောနေသေးသည့် ကျင့်ကြံသူများ၏ လက်နှင့်ခြေများသည် ကျန်နေသေးသည့်လူများကို အေးစက်တောင့်တင်းသွားသလို ခံစားစေခဲ့ကြရလေသည်။

အချို့မှာ သွေးရူးသွေးတန်း အော်ဟစ်နေကြသလို အချို့မှာ သူတို့ မြင်နေရသည်ကို မယုံနိုင်ကြပေ။

“ဒါဇင်နဲ့ချီတဲ့ ကျင့်ကြံသူတွေကို ပုဆိန်တစ်ချောင်းနဲ့ သတ်ပစ်လိုက်တာလား... ဒါကြီးက အလယ်ဆင့်က ကျွမ်းကျင်သူ ဖြစ်နိုင်လို့လား...”

တစ်စုံတစ်ယောက်မှာ သူမြင်နေရသည်များကို မယုံနိုင်သဖြင့် ခပ်တိုးတိုး ရေရွတ်နေမိသည်။

"သတ်တာမဟုတ်ဘူး... တိုက်ရိုက်ဖျက်ဆီးပစ်လိုက်တာဟ...!"

တစ်စုံတစ်ယောက်မှ တုံ့ပြန်လိုက်လျှင် ထိုလူ့အမူအရာမှာ ပိုလို့ပင် ပြောင်းလဲသွားလေသည်။

လေထဲမှ အားလုံးမှာ ဟဲရှုရှင်းကို ထိတ်လန့်စွာ ကြည့်နေကြစဉ်တွင်...

ရွှစ်...! ရွှစ်...! ရွှစ်...!

အလင်းတန်းများစွာသည် အဝေးမှ ထွက်ပေါ်လာလေသည်။

ထိုလူများသည် လဝါဂိုဏ်း၏ ဂိုဏ်းဝင်များဖြစ်သည်။

“ကျုပ်က လဝါဂိုဏ်းရဲ့ အကြီးအကဲ ချန်စုန့်ဇီပဲ... ဒီနေရာက ကျုပ်တို့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ... ဒီမှာ မနေချင်တဲ့သူတွေ မြန်မြန်ထွက်သွားကြတော့...!"

အလင်းတန်းများ ရောက်ရှိလာသည်နှင့် တပြိုင်နက် ထိုနေရာတွင်ကျန်ရစ်နေသူများကိုကို မောင်းထုတ်ကြတော့သည်။

"အကြီးအကဲချန်...! မဟုတ်ဘူး...!”

ပုဆိန်ချက်မှ လွတ်သွားသည့် လူများထဲတွင် ရှိနေသည့် လဝါဂိုဏ်းမှ ဇောင်အိုက်ယု၏အမူအရာ ပြောင်းလဲသွားလေသည်။

“အကြီးအကဲ ချန်... အောက်ကပုဂ္ဂိုလ်က လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆလို့မရဘူး... ကျုပ်တို့ သူ့ကို မနိုင်လောက်ဘူး...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now