157

528 37 0
                                    

အခန်း 157- စတင်တိုက်ခိုက်ခြင်း

ရီချန်းဂျီသည် လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ မီးသစ်တောတောင်ထိပ်မှနေ၍ စကြဝဠာထဲမှ လာနေသူတိုင်းကို စစ်ဆေးနေခဲ့သည်။

သူ၏နတ်ဘုရားအာရုံများမှစစ်ဆေးတွေ့ရှိရသည်မှာ ယခုလာနေသူများတွင် လူများစွာပါရှိပြီး ၎င်းတို့အားလုံးသည် အင်အားစုတစ်ခုတည်းမှ မဟုတ်ကြောင်း သူတွေ့ရှိခဲ့ရသည်။

“စိတ်ဝင်စားဖို့ကောင်းတာက ဒီလူတွေကျင့်ကြံထားတဲ့ နည်းစနစ်တွေက မတူကြဘူး.... တကယ်လို့ ငါသာ နောက်အနာဂတ်မှာ သူတို့ ကမ္ဘာတွေကိုရောက်ရှိပြီး စနစ်ထဲကို ဝင်ရောက်နိုင်ခဲ့ရင် ကျင့်စဥ်အသစ်တွေရရှိနိုင်လောက်တယ်..."

နှစ်ပေါင်းများစွာကြာပြီးနောက် ရီချန်းဂျီသည် စနစ်၏အလုပ်လုပ်ပုံအချို့ကို နားလည်လာခဲ့သည်။

မတူညီသောနေရာဒေသများတွင် စနစ်ထဲသို့ဝင်ရောက်ခြင်းမှာ သူ့ကို မတူညီသောဆုလာဘ်များကို ပေးအပ်ပေလိမ့်မည်။

သာမာန်နေရာဆိုလျှင် ရတနာပစ္စည်းများကိုသာ ပေးမည်ဖြစ်ပြီး အလွန်ထူးဆန်းသောနေရာဆိုလျှင် ကျင့်စဥ်များကိုပင် ပေးလိမ့်မည်ဟု သူ နားလည်ထားခဲ့သည်။

စနစ်၏ဆုလာဘ်များသည် ဘာမှမရှိသောလေထုထဲမှ ထွက်ပေါ်လာနေခြင်း မဖြစ်နိုင်ကြောင်း သူ ခန့်မှန်းထားမိသည်။

“ဒီလူတွေထဲမှာ အစွမ်းအထက်ဆုံးက ဟိုးနောက်နားမှာ အသာလျှို့ဝှက်လိုက်လာတဲ့ ဆံပင်ဖြူနဲ့ အဘိုးကြီး ဖြစ်ရမယ်...”

"ဒီတစ်ခါတော့ သူဘာလုပ်နိုင်မလဲ ငါသိချင်တယ်..."

ထို့နောက် ရီချန်းဂျီသည် စိတ်ထဲတွင် အချို့အရာများကို ခန့်မှန်းတွက်ချက်နေရင်းမှပင် ကမ္ဘာ့အကာအရံ မဟာဝင်္ကပါကြီးကိုအသက်သွင်းလိုက်သည်။

အသစ်ပြန်လည်တည်ဆောက်ထားသော မဟာအင်ပါယာလက်နက်ဝင်္ကပါကို လိုက်လျောညီထွေရှိအောင် ကြိုးစားနေသည့် မြင့်မြတ်နယ်မြေမှ လူများသည် လေထုထဲတွင် ပုံမှန်မဟုတ်သည်ကို ပထမဆုံးသတိပြုမိလိုက်ကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now