94

610 44 0
                                    

အခန်း 94-  မြင့်မြတ်နယ်မြေများမဟာမိတ်

ကျောက်တုံးတစ်တုံးသည် ကန်ရေပြင်၌ လှိုင်းဂယက်အထောင်အသောင်းကို ဖန်တီးနိုင်၏။

"ချီဟွမ်းမျိုးနွယ်… ဟုတ်လား… နာကြည်းမုန်းတီးမှု‌တွေကို စုပ်ယူပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အသုံးပြုတဲ့ ဒဏ္ဍာရီထဲကမျိုးနွယ်စုလား….”

"သူတို့ဘယ်ကပြန်ပေါ်လာတာလဲ… ကမ္ဘာ‌ပေါ်ကနေ နှစ်ပေါင်းသောင်းနဲ့ချီပြီး ပျောက်ကွယ်သွားခဲ့တာ မဟုတ်ဘူးလား…”

"ကျုပ်တို့ မြင့်မြတ်နယ်မြေတွေရဲ့ မှတ်တမ်း‌တွေမှာ သူတို့ကို အရင် အင်ပါယာက ဘယ်သူမှမသိတဲ့ နေရာတစ်ခုမှာ ချိပ်ပိတ်အကျဉ်းချထားခဲ့တယ်လို့ တွေ့ရတယ်…"

"ဟုတ်တယ်… ကျုပ်တို့ရဲ့ မှတ်တမ်းတွေအရတော့ သူတို့ကို အကျဉ်းချခဲ့တာ အင်ပါယာ ကျူးလု ပဲ”

“အင်ပါယာတစ်ပါးရဲ့ ချိပ်ပိတ်ထားတာက ဘယ်လို လွယ်လွယ် ကျိုးပျက်နိုင်မှာလဲ…”

"ဘာလဲ အခုတစ်ကြိမ်က ချိပ်ပိတိထားတာကို ချိုးဖျက်ဖို့ ကြိုးစားနေလို့လား…"

အခြားသူများ အတန်ကြာ ဆွေးနွေးနေခဲ့ကြပြီးချိန်မှ ကောင်းကင်အမွေအနှစ်မျှော်စင် သခင်မှ အကြောင်းအရာတစ်ခုကို ပြောလိုက်သည်။

“အားလုံးပဲ…. ဒီ အခြေအနေက မင်းတို့ပြောနေတာတွေထက် အများကြီး ပိုဆိုးတယ်… ချီဟွမ်း မျိုးနွယ်စုက လူ့‌လောကထဲကို ပြန်ရောက်လာပြီ…”

"ဘာ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…"

အချို့သော မြင့်မြတ်နယ်မြေသခင်များသည် မယုံနိုင် ဖြစ်နေခဲ့ကြသည်။

သူတို့၏ဘိုးဘေးများသည် တစ်ချိန်က ချီဟွမ်း မျိုးနွယ်၏ပစ်မှတ်ထားခြင်းခံခဲ့ရဖူးပြီး ကောင်းကင်အမွေအနှစ်မျှော်စင် သခင်၏ စကားများသည် သူတို့၏ ရှေးဟောင်းမှတ်တမ်းများကို အခြေခံ၍ ချီဟွမ်း မျိုးနွယ်စုအား ကြောက်လန့်မှုကို ပြန်လည်အမှတ်ရစေခဲ့သည်။

"ချီဟွမ်း မျိုးနွယ်စုက အင်ပါယာရဲ့ အတားအစီးကို ဖြတ်ကျော်နိုင်စွမ်းရှိတာ ဖြစ်နိုင်ပါ့မလား…"

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now