193

458 34 0
                                    

အခန်း 193- လျှို့ဝှက်ဆန်းကြယ်သောပညာရှင်

အမှောင်ထဲတွင် ဆွေးနွေးနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ခပ်နွဲ့နွဲ့အမျိုးသားတို့ မျက်နှာဖြူဖျော့သွား၏။

၎င်းတို့သည် ဝမ်မျိုးနွယ်ပြီးလျှင် ကြယ်စင်စုမြို့တော်ရှိ ဒုတိယတန်းစားမမျိုးနွယ်ဖြစ်သော မျိုးနွယ်စုကြီးနှစ်ခုမှ လူများဖြစ်သည်။ သူတို့တွင်လည်း ကိုယ်ပိုင် အစီအစဉ်များ ရှိနေခဲ့သည်။

ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော လက်သီးထိုးချက်တစ်ခုကို မြင်တွေ့ရပြီးနောက်တွင် ၎င်းတို့၏ ယခင်အတွေးများသည် မည်မျှ ရယ်စရာကောင်းကြောင်း သိရှိလာကြသည်။

ထိုကဲ့သို့ အားကောင်းသော ခွန်အားဖြင့် ရင်ဆိုင်ရချိန်တွင် ထိုအကြံအစည်များသည် အဓိပ္ပာယ်မရှိတော့ပေ။

ဝိညာဉ်ကျောက်စိမ်းနတ်ဆိုးအစောင့်တပ်ဖွဲ့၏ ခွန်အားသည် အမှန်တကယ် အစွမ်းထက်ပေသည်။

ဝေ့ဝူရွှမ်မှာ အနည်းငယ်ကျော်ကြားသော ပညာရှင်တစ်ဦးမျှသာဖြစ်သည်။ အကယ်၍ သူသာ ဝိညာဉ်ကျောက်စိမ်းနတ်ဆိုးအစောင့်အင်အားစု၏ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဆိုပါက သူ၏ စွမ်းအားသည် ပို၍ပင် ကြီးမားလိမ့်မည် မဟုတ်လော။

လူတိုင်း၏ နားထဲတွင် ဓားသွားများ၏ ချွင်ချွင်မြည်သံများ ထွက်ပေါ်လာချိန်အထိ နတ်ဆိုးကျင့်ကြံသူများသည် အလင်းလက်သီးကြီးအား ထိတ်လန့်တုန်လှုပ်နေလျှက်ရှိကြသည်။

မြို့တော်သခင်၏ စံအိမ်ရှေ့တွင် ရပ်နေသော လူငယ်ထံမှ ရုတ်တရက် ဖော်ပြ၍မရနိုင်သည့် သူတို့မမြင်ဖူးသည့် ဓားတစ်ချောင်း ထွက်ပေါ်လာသည်ကို တွေ့လိုက်ကြရသည်။

ထိုဓားအား ဖန်တီးထားသော ဓားချီသည် အလွန်ကြည်လင်ပြီး တောက်ပနေလေသည်။ ၎င်းမှာ အလွန်တရာ ထက်ရှနေပုံရသော်လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒ တစ်စိုးတစ်စိမျှ မရှိပေ။

နတ်ဆိုးအားလုံး ဓားချီကိုမြင်လိုက်ရသောအခါ ဓားချီသည် ထက်ရှလွန်းသည်ဟူသော အတွေးတစ်ခုသာ တွေးမိခဲ့ကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now