79

646 57 0
                                    

အခန်း 79- တကယ်တော့ ကျုပ်မှာလည်း ကျောထောက်နောက်ခံရှိနေပြီ

မိုရွှမ်ဟွမ် ကျောက်စိမ်းပြားကိုယူပြီး စိတ်စွမ်းအင်အသိဖြင့် စစ်ဆေးကြည့်လိုက်လျှင် အမူအရာ ချက်ချင်းပြောင်းလဲသွား၏။

သူ့မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာလေသည်။

ထိုမျှ များပြားလှသော ရတနာပစ္စည်းများဖြင့် လျော်ကြေးတောင်းရသည်မှာ ကောင်းကင်တာအို ကျောင်းတော်အား ရတနာတိုက် တစ်ခုအဖြစ် သဘောထားနေသလော။

မိုရွှမ်ဟွမ် သည် စာရင်းကို ပြန်ပေးလိုက်ပြီး အတိအလင်းပင် မပေးနိုင်ကြောင်း ငြင်းပယ်ခဲ့သည်။

“ဒီစာရင်းထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ အဖိုးတန် သဘာဝရတနာတွေ အများကြီးပါတယ်… ဒီလောက်အများကြီးက‌တော့ ကောင်းကင်တာအိုကျောင်းတော်က မင်းကို ဘယ်လိုမှ မပေးနိုင်ဘူး။"

“ပြီး‌တော့ လျော်ကြေးရယ်လို့လည်း မပေးနိုင်ဘူး… ပေးမယ်ဆိုရင်တောင် ဒီလောက်အများကြီးပေးဖို့ မဖြစ်နိုင်ဘူး။” မိုရွှမ်ဟွမ်မှ အသဲအသန်ပင် ငြင်းနေလေသည်။

လီရှန်းယီ ဒေါသထွက်ခြင်း အလျင်းမရှိပေ။

စာရင်းထဲတွင် သူ့ဆရာ မည်သို့သောအရာများ ရေးထားသည်ကို သူကောင်းကောင်းသိသည်။

ထို့အပြင် သူသည် အစကတည်းက သူတို့နှင့် ဆွေးနွေးရန် ဤနေရာသို့ ရောက်ရှိလာခြင်းမဟုတ်ပေ။ သူပြောရမည့်အရာများကို ဆက်ပြောသည်။

"ဒုတိယတစ်ချက်ကတော့ ကောင်းကင်တာအိုကျောင်းတော်က သူ့ကိုယ်သူ မြင့်မြတ်နယ်မြေလို့ အင်ပါယာတစ်ပါး ပေါ်ထွက်မလာမခြင်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မခေါ်ရတော့ဘူး။"

"တတိယအချက်ကတော့ ကောင်းကင်တာအိုကျောင်းတော်ကိုဖိအားပေးခဲ့တဲ့ မြင့်မြတ်နယ်မြေက လူတွေစာရင်းကို ကျုပ်လိုချင်တယ်။"

“ဒီအချက်တွေက ညှိနှိုင်းနေတာမဟုတ်ဘူး… သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ရလဒ်တစ်ခုက တစ်ခုပဲရှိမယ်…”

ထိုကဲ့သို့ ပြင်းထန်သောလေသံကိုကြားလိုက်ရလျှင် မိုရွှမ်ဟွမ် ရယ်မောလိုက်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now