47

732 51 0
                                    

အခန်း 47 : မြင့်မြတ်နယ်‌မြေလျှို့ဝှက်အစွန်အဖျားဂိုဏ်း

မီးသစ်တောတောင်ထိပ်။

“ကောင်းကက်မဏ္ဍိုင်ကြီး… ငါမင်းကို ဘယ်လိုပြုပြင်ရမယ်ဆိုတာ သိထားတယ်…။ မင်းရဲ့ တခြား အဓိက အစိတ်အပိုင်းတွေရဲ့ နေရာကို ရှာဖို့ ငါ အကောင်းဆုံး ကြိုးစားပေးမယ်။ မင်း သူတို့ရှိနေတဲ့နေရာတွေကို ခံစားလို့ရလား…"

ရီချန်းဂျီမှာ ထိုသို့ပြောပြီးနောက် အချိန်အတော်ကြာအောင် တုံ့ပြန်မှုမရရှိခဲ့ပေ။

မျက်မှောင်ကြုတ်ကာ ကောင်းကက်မဏ္ဍိုင်မှ ပဲ့ထွက်လာသော ကျောက်ပြားကို ကြည့်လိုက်သည်။

ကျောက်ပြားသည် အလွန်တုန်လှုပ်သွားပြီး မည်သို့ပြန်ဖြေရမည်ကို မသိပေ။

ဒီ…! ဒီ…! ဒီ…!

ကျောက်ပြားမှာ အလွန်စိတ်လှုပ်ရှားစွာနှင့်တုန်ခါနေကာ သတင်းစကားများစွာ ပို့‌နေလေသည်။

ကျေးဇူးတင်ကြောင်းဖော်ပြခြင်းအပြင် သူ၏အဓိက အစိတ်အပိုင်းများကို ရှိ‌ေနသည်ဟု ခံစားမိသောနေရာအချို့ကိုလည်း ပြောပြနေလေသည်။

ရီချန်းဂျီ သည် ကျောက်ပြားပြောသော နေရာများကို ဂရုတစိုက်ကြည့်နေလိုက်သည်။

ထိုနေရာများမှာ မြေအောက်၊ ပင်လယ်အောက်၊ ကောင်းကင်အမြင့်နေရာများ… စသည့် နေရာတိုင်းတွငိပင် ဖြစ်သည်။

ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ကာ ထွက်သွားတော့သည်။

“နောက်တစ်ခုက ငါ့တပည့်တွေကို ခွန်အားတွေ တိုးမြှင့်ခိုင်းရမယ်…”

သူ့သိုလှောင်လက်စွပ်ကို ရှင်းပစ်လိုက်တော့သည်။

"ထျန်ရှင်း… ဒီကိုလာ…။"

“ဒီမှာ… ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေရှိတယ်..။ ယူလိုက်…”

ထိပ်တန်းဝိညာဉ်ကျောက်တုံးကြီးများပါရှိသော သိုလှောင်လက်စွပ်အသစ်ကို ထုတ်ပေးလိုက်သည်။

“ငါ အင်ပါယာနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ ဂိုဏ်းထဲက ဝိညာဉ်ကျောက်တုံးတွေ အများကြီးကို စုပ်ယူခဲ့မိတယ်။ ဒီလက်စွပ်ထဲက ဝိညာဉ်ကျောက်တုံးတွေကို ဂိုဏ်းကို ပေးလိုက်ပါ…။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now