149

519 36 0
                                    

အခန်း 149- ထူးဆန်းသောတည်ရှိမှု

အချိန်ကြာလာသည်နှင့်အမျှ ကျိန်စာတိုက်ပစ္စည်းများ ပိုများလာသည်ကို တွေ့ရှိလာကြရသည်။

ထိုပစ္စည်းများကို ၎င်းတို့ ပိုင်နက်ထဲမှ တွေ့ရသည့် အင်အားစုအားလုံး ချွေးစေးများပင် ထွက်လာသည်အထိ တုန်လှုပ်ခြောက်ခြားသွားကြသည်။

သူတို့၏ကိုယ်ပိုင်ဂိုဏ်းများအတွင်း ဝှက်ထားသော မှော်နက်ပစ္စည်းများ သို့မဟုတ် ကျိန်စာတိုက်ပစ္စည်းများ၏ အော်ရာများကို ခံစားမိပြီးနောက် ထိုအရာများ၏စွမ်းအားကို တွေးလိုက်မိလျှင် မည်သူမျှ ငြိမ်သက်မနေနိုင်ပေ။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှ အဖွဲ့ဝင်များသည် ထိုအရာများပေါက်ကွဲသည့်ဂိုဏ်းများသို့ လာရောက်၍ ကျန်ရစ်ပစ္စည်းများကို သိမ်းယူပြီးနောက် အေးအေးဆေးဆေးပင် ထွက်ခွာသွားကြသည်။

၎င်းတို့သည် တည်ငြိမ်စွာလုပ်ဆောင်နိုင်သော်လည်း ထိုအရာများ သူ့အလိုလို ပေါက်ကွဲခြင်းမှ ကယ်တင်ခြင်းခံထားရသော ဂိုဏ်းများမှာ တည်ငြိမ်စွာမနေနိုင်ကြပေ။

ထို့အပြင် လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ အနေအထားသည် ယခုအခါ အမြင့်ဆုံးနေရာတွင် ရှိနေခဲ့ပြီး မရေမတွက်နိုင်သော ဂိုဏ်းများသည် လက်ဆောင်များ ပေးပို့ရန် ကြိုးစားနေကြသည်။

ထို့ကြောင့် ထိုသို့ လက်ဆောင်များပေးပို့ကြရာတွင် ပင်လယ်ဘုရားကျောင်း၏ ဦးဆောင်မှုနောက်တွင် အနီးကပ်လိုက်ခြင်းသည် ၎င်းတို့၏ကျေးဇူးတင်မှုကိုဖော်ပြရန် အကောင်းဆုံးဖြစ်သည်။ မဟုတ်လျှင် သာမညောင်ညဂိုဏ်းများ၏ လက်ဆောင်များကို လျှိုံဝှက်အစွန်အဖျားဂိုဏ်းမှ လက်မခံတော့ပဲ ပြန်လည်၍သာ ပေးအပ်လိုက်လျှက်ရှိသည်။

ဂိုဏ်းချုပ်ဒင်သည် ကပ်ဘေးဖြတ်ကျော်ြခင်းနယ်ပယ်ကို ဖြတ်ကျော်ရန် တံခါးပိတ်ကျင့်ကြံနေချိန်အတွင်း လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ အထွေထွေကိစ္စရပ်များအားလုံးကို အကြီးအကဲချင်ခန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကျေးဇူးတင်ကြောင်းဖော်ပြရန် လာရောက်ကြသော ဤလူများအားလုံးကို အကြီးအကဲမှ လက်ခံတွေ့ဆုံခဲ့သည်။ သူတို့မှာ အလွန်စိတ်လှုပ်ရျားနေကြကာ ကျေးဇူးတင်နေကြသော်လည်း သူကတော့ အေးအေးဆေးဆေးသာ ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now