18

1K 76 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၁၈ - သူရွှေ့သင့်သလား မသေချာပါ။

“ဆရာ ဒီနေရာက ဘာလဲ... ဘယ်လိုကြောင့် ဒီနေရာမှာ ဝိညာဉ်စွမ်းအင်တွေ တအားပေါများနေရတာလဲ... ဝိညာဉ် ဆေးဖက်ဝင်အပင်တွေမှာ ပါတဲ့ ချီစွမ်းအင် ပမာဏလောက်နီးပါးကို ရှိနေတယ်။”

“ဒါက ငါပိုင်ဆိုင်တဲ့ ကောင်းကင်ဘုံဥမင် လှိုဏ်ဂူရဲ့ အုတ်မြစ်ပဲ...။ ဒါကို လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှာ ငါ့ရဲ့ အခြေစိုက်စခန်းဖြစ် ထားရှိထားတယ်။ ဒါက ခုမှ တည်ဆောက်ဆဲပဲရှိသေးတယ်...။ လုံး၀ ဖွံ့ဖြိုးတိုးတက်သွားတဲ့အခါမှာ ငါတို့မှာ အခြေစိုက်စခန်းအဖြစ် ကမ္ဘာတစ်ခုရှိတယ်လို့တောင် ပြောလို့ရလိမ့်မယ်...”

“ကောင်းကင်ဥမင်က ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေလား... ဆရာ ကောင်းကင်ဥမင် ဆိုတာ ဘာလဲ...”

“ကောင်းကင်၊ မြေကြီး၊ ရေနဲ့တခြားအရာတွေအားလုံးနဲ့ လူသားတွေကိုတောင် ချီ နဲ့ ခွဲခြားထားတယ်။ ဒဏ္ဍာရီလာမြင့်မြတ်နယ်မြေဆိုတာတွေကလည်း ချီကနေ အစပြုတာပဲ...။ သူတို့အားလုံးက တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက်ပြီး အပြန်အလှန်ထောက်ပံ့နိုင်တဲ့ သုံးဖက်မြင်လောကတစ်ခုအဖြစ် ဖန်တီးထားတယ်...”

“ဒါပေမယ့် စိတ်နေစိတ်ထား၊ အလိုရမ္မက်တွေ ကွာခြားမှုကြောင့် အပေါ်နဲ့ အောက်ပိုင်းဆိုပြီး ကွာခြားမှုတွေ ရှိနေသေးတယ်။ အပေါ်က ကောင်းကင်​ဘုံဥမင်ဖြစ်​ပြီး ​အောက်​ဘက်​ဆိုတာက ကျင့်ကြံခြင်းနယ်မြေတွေ​ဖြစ်​တယ်...​။”

“ဒါက အဆင့်တစ်ဆယ်မြောက် ကောင်းကင်ဥမင်ဖြစ်တဲ့ ချန်းဒီယင် ကောင်းကင်ဥမင် ပဲ ဖြစ်တယ်...” (TN- ရှေ့မှာ ဂရုဏာကောင်းကင်ဥမင်လို့ သုံးခဲ့။)

“ဒီနေရာမှာ ကျင့်ကြံခြင်းက မင်းတို့အတွက် ကောင်းကင်တာအိုနိယာမတွေကို ပိုမို နားလည် သဘောပေါက်နိုင်စေမှာဖြစ်ပြီး အမြင့်မားဆုံးအနေအထားဖြစ်တဲ့ ဝိညာဉ်စွမ်းအင်ပမာဏကို ရရှိစေမှာဖြစ်တယ်...။”

ထိုအကြောင်းများကို ကြားလိုက်ရချိန်တွင် လီရှန်းရီမှ -
“ဆရာ... ဆရာက အရမ်းအစွမ်းထက်တာပဲ... ဘာလို့ အပြင်လောကမှာ ဆရာ့နာမည် တစ်ခါမှ မထင်ပေါ်ဖူးတာလဲ...” ဟုမေးလိုက်သည်။။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now