16

931 86 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း 16- ပြိုင်ဆိုင်မှုကို ရှောင်ကြဉ်ပြီး တိတ်တဆိတ် တပည့်ဖြစ်စေခြင်း။

နောက်ထပ်လအနည်းငယ်ကုန်ဆုံးသွားပြန်လေပြီ။

ကျောက်စိမ်းစံအိမ်၏ အထွေးဆုံးသော မိန်းကလေးအား ယုထျန်ရှင်းဟုခေါ်တွင်သည်။ သူမလေးသည် တောက်ပသော မျက်လုံးများ ရှိ၏။ သူမသည် တကယ်ကို လှပပေသည်။

သူမသည် ငယ်ရွယ်လွန်းသေးသော်လည်း ထူးထူးခြားခြား ကြီးကျယ်ခမ်းနားသော အရည်အသွေးကို ပိုင်ဆိုင်ထားသည်။

ဤအတောအတွင်း ကျောက်စိမ်းလှိုင်းဂိုဏ်းနှင့် အဆုံးမဲ့ပင်လယ်တောင်ကြားမှ လှိုင်းပြာဂိုဏ်းတို့၏ သူမအား တပည့်အဖြစ် လက်ခံရန် သန္နိဋ္ဌာန်မှာ ပို၍ပင် အားကောင်းလာသည်။

ယနေ့တွင် ယုချောင်နှင့် ယုရှောင်ရှန်းတို့သည် လျှို့ဝှက်ဆွေးနွေးနေခဲ့ကြသည်။

“အခုချိန်မှာ ကျောက်စိမ်းဂိုဏ်းနဲ့ အဆုံးမဲ့ပင်လယ် နှစ်ခုစလုံးက ငါတို့ကို မျက်စိကျနေတယ်။ သူတို့က ထျန်ရှင်းကို တပည့်အဖြစ် လက်ခံချင်နေကြတယ်။ ဒါကြောင့် ငါတို့ မိသားစုရဲ့ လုပ်ငန်းက တော်တော်လေး တိုးတက်လာနေတယ်။”

"ဒါပေမယ့်... ထျန်ရှင်းက လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ တပည့်ဖြစ်လာဖို့ ရည်မှန်းထားပြီးသားပဲ..။ ဒီအခြေအနေတွေကို သိသွားရင် ငါတို့ ဖိနှိပ်ခံရမှာကို ငါစိုးရိမ်နေတယ်။ အဲ့ဒါအပြင် ဂိုဏ်းဂဏကြီးနှစ်ခုကလည်း လက်ခံမှာ မဟုတ်ဘူး။ ငါတို့ ဘာလုပ်သင့်လဲ...?"

ယုချောင်၏ စိတ်ပျက်လက်ပျက်အသံကိုကြားလျှင် ယုရှောင်ရှန်းသည် ချက်ချင်းပြန်မဖြေပေ။

ခေါင်းကို မော့ပြီး နံရံမှာ ချိတ်ဆွဲထားသည့် ဘိုးဘွားတို့၏ သွန်သင်ချက်များကို ကြည့်လိုက်သည်။

"ငါတို့ရဲ့ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်ရောင်းချပြီး လျှို့ဝှက်အစွန်အဖျားဂိုဏ်းကို သွားကြမယ်...။"

ယုချောင်သည် ယု‌ရှောင်ရှန်း၏ စကားကြောင့် အံ့ဩသွားလေသည်။

“ထျန်းရှန်းဟာ ​​ထူးထူးခြားခြားဖြစ်ဖို့ ရည်၇ွယ်ထားခံရတဲ့ ကလေး...။ အခု ကျောက်စိမ်းဂိုဏ်းနဲ့ အဆုံးမဲ့ပင်လယ်တောင်ကြားဂိုဏ်း နှစ်ခုစလုံးက ငါတို့မိသားစုကို လိုလား တောင့်တနေကြတယ်။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now