191

471 33 0
                                    

အခန်း 191- ကျင့်စဉ်

မရဏတောအုပ်သည် အမှန်တကယ် ထူးခြားသော နေရာတစ်ခု ဖြစ်သည်။

နတ်ဆိုးအင်ပါယာကမ္ဘာတွင် ဒဏ္ဍာရီတစ်ခုရှိခဲ့သည်။ ၎င်းမရဏတောအုပ်သည် မြေအောက်မရဏကမ္ဘာနှင့် ဆက်စပ်နေပြီး ထို မြေအောက်မရဏကမ္ဘာမှာ နတ်ဆိုးများ မွေးဖွားရာ နေရာဖြစ်သည်။

ကောလဟာလသည် စိတ်မချရသော်လည်း နတ်ဆိုးအင်ပါယာကမ္ဘာရှိ နတ်ဆိုးပညာရှင်အများအပြားမှာ ထိုနေရာသို့ ဦးတည်နေသည့်အချက်မှာ အကြောက်တရားကို ထုတ်ဖော်ပြသရန် လုံလောက်ပေသည်။

ထို့အပြင် ထိုနေရာ၌ ကောင်းကင်နှင့် မြေကြီး၏ ထူးခြား ဖြစ်စဉ်တစ်ခု ယခုတလောတွင်မှ ဖြစ်ခဲ့သေးသည်။

ထိုနေရာတွင် နေ့နှင့်ညမှာ ဇောက်ထိုးလန်ပြီး နေ့အချိန်အတွင်းမှာပင် ကြယ်ရောင်များ လင်းလက်နေခဲ့သည်။

အကယ်၍ ထိုသူ၏ ရုတ်တရက် ပေါ်လာခြင်းကြောင့် ဤထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်ဆိုပါက ၎င်းသည် ပြင်းထန်စွာ စုံစမ်းရန် လိုအပ်ပေသည်။

သူမရှေ့မှ သတင်းပို့သူမှ ဆက်လက်ပြီး သတင်းပို့နေ၏။

“ဒီလူက မြို့ငယ်လေးတစ်ခုမှာ ပေါ်ထွက်လာတာပါ... သူ့ပုံကြည်ရ‌တာကတော့ အတော်လေးငယ်ရွယ်သေးပုံရတယ်... အရေးကြီးဆုံးကတော့ တော်တော်များများက သူဟာ နတ်ဆိုးမဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်...”

"နတ်ဆိုး မဟုတ်ဘူးတဲ့လား..."

၎င်းကိုကြားလျှင် ဂူယွီ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။

“ဟုတ်ပါတယ် သခင်မ... သူ့ရဲ့အော်ရာက အတော်သိပ်သည်းတဲ့ပုံရပေမယ့် ကျုပ်တို့ နတ်ဆိုးအချင်းချင်းလို သူ့ကို စစ်‌ေဆးဖို့ မွေးရာပါနတ်ဆိုးအာရုံခံခြင်းကို အသုံးပြုလို့ မရဘူးလို့ ဆိုကြပါတယ်...”

“သူ့ဘေးမှာ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတစ်ယောက်လည်းရှိပါတယ်... သူကလည်း အတော်လေး အစွမ်းထက်နေတယ်...”

"အဲဒိကောင်လေးက ဝိညာဉ်ကျောက်စိမ်းနတ်ဆိုးစောင့်တပ်ရဲ့ ဝေ့ဝူရှန်ကို တစ်ကြိမ်တည်းနဲ့ အနိုင်ယူခဲ့တယ်လို့ ပြောကြတယ်.... အဲဒီမှာ ပါလာတဲ့ ဝိညာဉ်ကျောက်စိမ်းနတ်ဆိုးအစောင့်တပ်က တပ်သားသုံးရာစလုံးဟာလည်း  အဲဒီကောင်လေးကို အချိန်တိုလေးအတွင်းမှာပဲ ရှုံးနိမ့်ခဲ့ပါတယ်...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now