139

526 41 0
                                    

အခန်း 139- ထူးဆန်းသော ဖြစ်စဉ်များ

ကောင်းကင်ဘုံလူသားကမ္ဘာ၏ ကောင်းကင်မဏ္ဍိုင်ကြီး၏ ရုတ်တရက် ပေါ်လာခြင်းသည် မရေမတွက်နိုင်သော လူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ကျင့်ကြံခြင်းလောကတွင် အနည်းငယ်အဆင့်မြင့်သည့်ပညာရှင်တော်တော်များများတွင် အဝေးမှ မိတ်ဆွေများနှင့် ဆက်သွယ်ရန် နည်းလမ်းများရှိတတ်ကြသည်။ ထူးဆန်းသော အဖြစ်အပျက်များ ရုတ်တရက် ဖြစ်ပေါ်လာသောအခါတွင် အဝေးဒေသများမှ မိတ်ဆွေများရှိသည့်သူများမှာ အခြေအနေများကို စုံစမ်းမေးမြန်းခဲ့ကြသည်။

"အစ်ကို ကျန်းပိုင်... တောင်ဘက်‌ဒေသမှာရော ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ရှိလား... အနောက်သမုဒ္ဒရာမှာတော့ ဆူနာမီတစ်ခု ဖြစ်ပေါ်နေတယ်...”

“အစ်ကိုလင်း... ဒီမှာတော့ ငလျင်တွေ အကြိမ်ကြိမ် လှုပ်နေတယ်... အခုလက်ရှိတော့ ကျုပ်ရဲ့ ဝိညာဉ်သတ္တဝါကို ဒီသတင်းကို စုံစမ်းစစ်ဆေးခိုင်းထားတယ်...”

"ကောင်းကင်မဏ္ဍိုင်ကြီး ရုတ်တရက် ပြန်ပေါ်လာတာက ငါတို့ရဲ့ ကောင်းကင်ဘုံလူသားကမ္ဘာကို တခြားလူတွေ ကျုးကျော်ပြန်လို့လား..."

“တခြားကမ္ဘာက ကျူးကျော်သူတွေ ငါတို့ကမ္ဘာကြီးကို လာတိုက်ခိုက်နေပြန်တဲ့ပုံပဲ... မြောက်ဖက်အလင်းတိုင်မှာ တစ်စုံတစ်ခုက ကမ္ဘာပေါ်ကို အဆက်မပြတ် ကျဆင်းလာနေတာကို ကျုပ် တွေ့ခဲ့ရတယ်...”

"စိတ်မပူနဲ့... ကျုပ် တောင်ဘက်ဒေသက လီထျန်တောင်တန်းကို ရောက်တော့မယ်... အဲဒီမှာ တိုက်ပွဲဖြစ်နေပုံရတယ်...”

"ငါ့ဆီမှာရောပဲ...! ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတဲ့ အရိပ်အယောင်တွေကို အဝေးကနေတောင် မြင်ရတယ်...”

"ဒါက အနည်းဆုံးတော့ အထက်နယ်ပယ်သုံးခုက ပညာရှင်တွေကြားက တိုက်ပွဲပဲ.... ဘာတွေဖြစ်နေတာလဲ... ဘာလို့ ဒီလိုပြင်းထန်တဲ့ တိုက်ပွဲတွေ ကမ္ဘာပေါ်မှာ ရုတ်တရက် ပေါ်လာတာလဲ.... ဒါနဲ့ ဘယ်သူတွေတိုက်ခိုက်နေတယ်ကော သိကြလား....”

ထိုသို့သော စကားဝိုင်းသည် တစ်နေရာတည်းတွင်သာ ဖြစ်ပွားခဲ့ခြင်းမဟုတ်ပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now