102

588 39 0
                                    

အခန်း 102- မြင့်မြတ်နယ်မြေများ၏ လှုပ်ရှားမှု

တောင်ပိုင်းနယ်စပ်... တောင် တစ်သိန်းဒေသ...။

မရေမတွက်နိုင်သော တိရစ္ဆာန်များ ထိတ်ထိတ်ပြာပြာဖြင့် ထွက်ပြေးနေခဲ့ကြသည်။

တောင်ပိုင်းနယ်စပ်ရှိ တောင်တန်းများထူထပ်ရာတောင်တစ်သိန်းဒေသမှ တောင်အများအပြားမှာ ကောင်းကင်သို့ ပျံတက်လာပြီး အရှေ့ဘက်ဒေသသို့ လျင်မြန်စွာ လွင့်ပျံသွားနေကြသည်။

တောင်ပိုင်းနယ်စပ်တွင် နေထိုင်ကြသော မျိုးနွယ်စု အများအပြားသည်လည်း ကောင်းကင်တွင် တောင်တန်းကြီးများ ပျံသန်းနေသည့် ထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း တအံ့တဩ ဖြစ်နေကြသည်။

ထိုတောင်တန်းများ၏ အတွင်းပိုင်းတွင် ကောင်းကင်မဏ္ဍိုင်၏ အပိုင်းအစများ ရှိပေသည်။

အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ မြေလွှာတို့၏ပြောင်းလဲမှုများနှင့် အခြားအချက်များကြောင့် တောင်များ၏မျက်နှာပြင်သည် ထူထပ်သောမြေဆီလွှာနှင့် သဲများဖုံးလွှမ်းကာ မဏ္ဍိုင်အပိုင်းအစများကို ကြီးမားသောတောင်တန်းကြီးအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

ပြေး၍ မလွတ်မြောက်နိုင်တော့သော တောင်တန်းပေါ်မှ တိရစ္ဆာန်များသည် စိတ်ပျက်လက်ပျက်ဖြစ်နေကြလေသည်။ မည်သို့သောကံကြမ္မာက သူတို့ကို စောင့်ကြိုနေမှန်းမသိနိုင်‌ပေ။

ကောင်းကင်နှင့်မြေကြီး၏ ထိုသို့သောပြောင်းလဲမှုသည် ကောင်းကင်ဘုံလူသားကမ္ဘာ၏ နေရာတိုင်းတွင် ဖြစ်ပွားနေခဲ့သည်။

အချိန်တိုအတွင်းမှာပင် အနောက်သမုဒ္ဒရာ၊ အလယ်ပိုင်းဒေသ၊ မြောက်ပိုင်းဒေသ၊ တောင်ပိုင်းနယ်စပ်နှင့် အရှေ့ပိုင်းဒေသစသည့် ဒေသအားလုံး လှုပ်ခတ်သွားခဲ့သည်။

ကမ္ဘာမြေကြီးလှုပ်ခါနေသလို တောင်တန်းများလည်း လှုပ်ခါ‌နေ၏။

ကြီးမားသော တောင်တန်းကြီးတစ်ခု ကောင်းကင်ယံသို့ မြင့်တက်လာခဲ့သည်။

ပင်လယ်အောက်မှ ကျောက်တုံးကြီးတစ်ခု လှိုင်းလုံးများကို ခွဲကာ ရေအောက်မှ တက်လာပြီး လေထဲသို့ ထိုးတက်သွားသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now