169

505 34 0
                                    

အခန်း 169- တစ်ခုတည်းသောမြင့်မြတ်နယ်မြေ

"ကောင်းကင်ကြယ်အင်ပါယာသည် လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာ၏တပည့်အဖြစ် လူဝင်စားခဲ့သည်…"

ဤသည်မှာ ထောင်စုနှစ်တစ်ခုလုံးအတွင်း ကောင်းကင်ဘုံလူသားကမ္ဘာတစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်စရာအကောင်းဆုံးသောသတင်းဖြစ်သည်။

သတင်းသည် အလွန်ကြီးမားလွန်းသောကြောင့် ၎င်းကို အတည်ပြုပြီးနောက် နှစ်ရက်အတွင်းမှာပင် ကောင်းကင်ဘုံလူသားကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းပြီးနောက် ဤသတင်းကို အတည်ပြုနိုင်သော ပထမဆုံးအဖွဲ့မှာ ဂိုဏ်းကြီးတစ်ခု မဟုတ်ပေ။

၎င်းမှာ ထိုမြို့တွင် ရှိနေသော ယုမိသားစုဖြစ်သည်။

ယုထျန်ရှင်းသည် ရေဖန်သားပြင်၌ "ငါအင်ပါယာနယ်ပယ်သို့ ပြန်တက်ရောက်ခဲ့ပြီ" ဟုပြောနေသည်ကို မြင်သောအခါ ယုမိသားစုမှလူများ အံ့ဩသွားကြ၏။

ယုမိသားစုခြံဝင်းထဲတွင်...။

တစ်မိသားစုလုံး ကောင်းကင်မှ ရေဖန်သားပြင်ကို ကြည့်ရင်း အချိန်အတန်ကြာမျှ သတိမကပ်နိုင်ကြပေ။

အချိန်အတန်ကြာ ရေဖန်သားပြင်များ ပျောက်ကွယ်သွားမှ မြို့ထဲမှ ဆူညံသည့် ဆွေးနွေးမှုများ ယုမိသားစု၏ နားထဲသို့ ပြန်လည် ဝင်ရောက်လာတော့သည်။

ယုရှောင်ရှန်းမှာ အလွန်အမင်းတုန်လှုပ်နေပြီး သူ့သား ယုချောင် ကို လှည့်ကြည့်လိုက်သည်။

ယုချောင်သည်လည်း မယုံကြည်နိုင်လောက်အောင်ပင် တုန်လှုပ်ခြောက်ခြားနေသော အမူအယာမှာ သူ့မျက်နှာပေါ်တွင် ရှိနေလေသည်။

သူ့ဘေးမှ ဒေါင်လင်းလောင်မှာလည်း လက်ထဲက လက်ဖက်ရည်ခွက်ပင် ကြမ်းပြင်ပေါ်လွတ်ကျနေခဲ့လေသည်။

"ဒါအမှန်ပဲလား.... ငါကြားလိုက်တာမှန်လား... ထျန်ရှင်းက ကောင်းကင်ကြယ်အင်ပါယာဝင်စားတာတဲ့လား....."

ယုရှောင်ရှန်းမှာ ထိုအရာကို စိတ်ကူးပင် မယဉ်ခဲ့မိ။

သို့သော် သူ့မြေး၏အမည်ကို ပြောလိုက်သောအခါတွင်မှ ဖြစ်ရပ်များကို သူတဖြေးဖြေးမြင်ယောင်ကာ သဘောပေါက်လာ၏။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now