132

521 40 0
                                    

အခန်း 132- ခရီးဖော်သုံးယောက်

လီထျန်းချီမှာ ဝူယွမ်ဖေး သူ့ထံသို့ လျှောက်လာသည်ကို တွေ့ရလျှင် အလွန်အံ့သြသွားသည်။

သူ့ကဲ့သို့ ခါးသီးသောမျက်နှာနှင့် အမြဲတစေ ဒေါသကြီးသော အကြည့်ဖြင့်သာ ရှိနေတတ်သော နတ်ဆိုးတစ်ယောက်ကိူ မည်သူမျှ လာရောက်ရှာဖေွမည်မဟုတ်ဟု သူထင်ခဲ့သည်။

"မင်းဘယ်သူလဲ... ဘာကိစ္စရှိလို့လဲ..."

သူ့စကားမှာ ခတ်ပြတ်ပြတ်သာဖြစ်သည်။

"ကျုပ်က ဝူယွမ်ဖေး... ကျုပ်မှာ ခင်ဗျားတို့နှစ်ယောက်နဲ့ ဆွေးနွေးစရာတွေရှိတယ်... တိတ်တိတ်ဆိတ်ဆိတ် စကားပြောဖို့ နေရာတစ်ခုကိုလိုက်လာနိုင်မယ်လို့ မျှော်လင့်တယ်...”

၎င်းကိုကြားလျှင် လီထျန်းချီ အံ့ဩသွားသည်။

နတ်ဆိုးကျင့်ကြံသူ ကျောက်ဟန်နှင့်မတူဘဲ ဝူယွမ်ဖေး အကြောင်းကို သူကြားဖူးသည်။

မျိုးဆက်သစ်လူငယ်များအကြား နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် လူသိများသူ ဝူယွမ်ဖေးသည် တောင်ဝင်ရိုးစွန်းတွင် လက်ဗလာဖြင့် နှစ်အတော်ကြာ တိုက်ပွဲဝင်ခဲ့သော ဝင်္ကပါကျင့်ကြံသူဖြစ်သည်။

ထို့နောက် ကျောက်ဟန်ကိုကြည့်လိုက်သည်။

“မျိုးဆက်သစ် လူငယ်တွေရဲ့ အသန်မာဆုံး အစီအရင်သခင်လေးက မျိုးဆက်သစ်လူငယ်တွေရဲ့ အားအကောင်းဆုံး နတ်ဆိုးကျင့်ကြံသူနဲ့ အတူရှိနေဖို့ မမျှော်လင့်ထားဘူး... ကောင်းပြီ... မင်းမှာ ဘာပြောစရာရှိလဲ ငါနားထောင်မယ်..."

ခဏအကြာတွင် သူတို့သူံးယောက် လျှို့ဝှက်အခန်းတစ်ခုတွင်ရောက်ရှိနေပြီဖြစ်သည်။

မဟာမိတ်ဂိုဏိးရှစ်ခုသည်သည် စီးပွားရေးတွင် အလွန်အကွက်မြင်တတ်သည်ဟု ဆိုရပေမည်။ အင်ပါယာပုံရိပ်ကျောက်တုံးများရောင်းချရာနေရာအနီးတွင် အဆောင်တစ်ခု စီစဥ်ထားပြီး လျှို့ဝှက်ခန်းများ တည်ဆောက်ပေးထားသည်။ သို့ဆိုလျှင် အင်ပါယာပုံရိပ်ကျောက်တုံးအား ဝယ်ယူပြီးလျှင် လျှီု့ဝှက်ခန်းအား ငှားယမ်းပြီး ချက်ချင်း‌လေ့လာကြည့်ရှုနိုင်ပေမည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now