အခန်း 76- ပြန်လည်မွေးဖွားခြင်းအဆင့်လား
"မင်းလုပ်ရဲတယ်လား...! ဒီလိုလုပ်ဖို့ မင်း ဘယ်က သတ္တိတွေရလာတာလဲ...!"
ကျောင်းဆောင်ပုဒ် ရေးထိုးထားသည့် ကျောက်စိမ်းနံရံဖြိုချခံလိုက်ရသည်ကို တွေ့လိုက်ရသည့်အခါ ကွမ်းဟန်မှာ အလွန်အမင်း ဒေါသထွက်သွားခဲ့တော့သည်။
၎င်းမှာ ကောင်းကင်တာအိုကျောင်းတော်၏ ကျောင်းဆောင်ပုဒ် အထိမ်းအမှတ်ကျောက်စာချပ်နံရံဖြစ်သည်။
ကျောင်းတော်သို့ ရောက်လာကြသည့် မရေမတွက်နိုင်သော ကျောင်းသားများကို ပထမဆုံး သင်ကြားပေးသော ဩဝါဒ သင်ခန်းစာ ဖြစ်သည်။
အပြင်မှာ ကြည့်နေကြသည့် ကျောင်းသားများအားလုံး အံ့သြသွားကြသည်။
ကွမ်းဟန် တစ်ယောက်မှာ လူအများကြည့်ရှုနေကြသည်ကို ဂရုမစိုက်နိုင်တော့ပေ။
"ဒီနေ့တော့ ငါးကြီးက ငါးငယ်ကို ဘယ်လိုနိုင်စားလဲ ဆိုတဲ့နည်းကို သင်ပေးရမှာပေါ့..."
ပြင်းထန်သော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒသည် သူ့ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာ၏။
သူသည် မကြာသေးမီကမှ ကျောင်းတော်အုပ်ချုပ်ရေးသို့ ဝင်ရောက်ခဲ့သည် ဖြစ်ပြီး ယခု ထိုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းကြောင့် ဒေါသတကြီး ဖြစ်နေခဲ့သည်။
"ရွှေရောင်စုတ်တံ... ဖိနှိပ်စမ်း...!"
ဒေါသတကြီးအော်သံနှင့်အတူ သူ့လက်ထဲမှ တောက်ပနေသော ရွှေရောင်စုတ်တံတစ်ခု ပေါ်လာပြီး လီရှန်းယီကို တည့်တည့် ညွှန်ပြလိုက်သည်။
ကလန်.....! (ခလွမ်... ဂလွမ်...)
သတ္တုချင်းထိခတ်သံကို ကြားလိုက်ရသည်။
လေထဲတွင် ရွှေရောင်စုတ်တံသည် အပိုင်းပိုင်း ကွဲထွက်သွားလေသည်။
ကွမ်းဟန်၏ မှော်ရတနာမှာ ချက်ချငး် ဖျက်ဆီးခံလိုက်ရပြီး ပါးစပ်မှ သွေးများ အန်ကျလေသည်။
“ဒီလို အဆင့်မျိုးနဲ့ ကျုပ်ကို လာတိုက်ပြီး ခင်ဗျားကိုယ်ခင်ဗျား ငပွကြီးဖြစ်အောင် မလုပ်နဲ့...”
YOU ARE READING
ငါ့တပည့်တွေရူးနေကြပြီ( Book1)
AventuraTitle - Xianxia: My Disciples are Insane! ငါ့တပည့်တွေရူးနေကြပြီ ဘာသာပြန် - ဟိန်းထက်လှိုင် မိတ်ဆက် ကူးပြောင်းလာခဲ့ပြီး ဆယ်နှစ်ကြာချိန်၌ ရှန်းနန်တွင် တိတ်တတိတ် စာရင်းသွင်းပြီးနောက် စနစ်သည် နောက်ဆုံးတွင် ရီချန်းဂျီအား ပထမဆုံး တာဝန်ဖြစ်သော တပည့်များလက်...