109

577 41 0
                                    

အခန်း 109- မုယုံ မိသားစု

ကောင်းကင်ဘုံလူသားကမ္ဘာ တစ်ခုလုံးတွင် ကြီးမားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်နေခဲ့သည်။

မြင့်မြတ်နယ်မြေများနှင့် ရီချန်းဂျီ ထိုတည်ရှိမှုနှစ်ခုစလုံးသည် ကမ္ဘာတစ်ခုလုံးအပေါ်  ကြီးမားသောအကျိုးသက်ရောက်မှု ရှိစေခဲ့သည်။

အထူးခြားဆုံးမှာ အနောက်သမုဒ္ဒရာဒေသဖြစ်ပေသည်။

မြင့်မြတ်နယ်မြေများမဟာမီတ်မှ အင်ပါယာလက်နက်ဝင်္ကပါကို တည်ထောင်သည့် ပထမဆုံးနေရာအဖြစ် ထိုနေရာတွင် ဝိညာဉ်စွမ်းအင်၏သိပ်သည်းဆသည် နှစ်ဆတိုးပွားလာခဲ့သည်။

သာမန်လူသားများ၏ လူနေမှုအဆင့်အတန်းသည်ပင်လျှင် များစွာတိုးတက်လာခဲ့သည်။

ကျင့်ကြံသူများတွင်တော့ ပြောစရာမလိုပေ။

မရေမတွက်နိုင်သော သာမာန်လူသားများသည် ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်များ ပါရမီများကို နိုးထစေနိုင်ခဲ့ကြပြီး အားကောင်းသော ကျင့်ကြံသူများ ဖြစ်လာခဲ့ကြသည်။

ပါရမီရှင်များလည်း ပိုပိုပြီး ရှာဖွေတွေ့ရှိ ထွက်ပေါ်လာနေလေသည်။

ရလဒ်အနေဖြင့် မြင့်မြတ်နယ်မြေများသည်လည်း ပါရမီရှင်အမြောက်အမြားကို စုဆောင်းနိုင်ခဲ့သည်။

ထိုဒေသရှိ တစ်ခုတည်းသော မြင့်မြတ်နယ်မြေဖြစ်သည့် အသင်္ချေဓားဂိုဏ်းသည် အကျိုးအမြတ်အမြောက်အမြားရရှိခဲ့ပြီး ဓားအင်ပါယာ၏အခွင့်အရေးကို သိမ်းပိုက်ခံရသည့်အချိန်ကတည်းကခံစားခဲ့ရသည့် စိတ်ဓာတ်ကျခြင်းတို့ မရှိတော့ပေ။

ထိတ်လန့်စရာအကောင်းဆုံးမှာ အနောက်သမုဒ္ဒရာရှိ အဏ္ဏဝါမျိုးနွယ်စုသည် မြင့်မြတ်နယ်မြေများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကုန်းပေါ်ရောက်ရှိလာခြင်းဖြစ်သည်။

၎င်းမှာ အနောက်သမုဒ္ဒယာ၏အောက်ခြေတွင် ထိုကဲ့သို့ အင်အားကြီးမားသော မျိုးနွယ်စုတစ်ခုရှိနေကြောင်း ကျင့်ကြံသူအများစု သိလိုက်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

မြင့်မြတ်နယ်မြေများမှ ကျင့်ကြံသူများသည် ၎င်းတို့၏ လက်ရာမြောက်လှသည့် ပင်လယ်အောက်မှ နန်းတော်ဗိမာန်များကို အလွန်သဘောကျနေကြရသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now